Chapter-41

10.2K 1.5K 140
                                    

(Unicode)

တမှူးတို့အားလုံး မနက်ခင်းရေတစ်ကြိမ် ဆော့ပြီး ညနေ၌ ပြန်ကြဖို့ စီစဥ်ထားကြသည်။ တမှူးက နယုန်တို့နှင့် သဲသောင်ခုံထက်၌ သဲများဖြင့် ဆော့ကစားနေစဥ် စီနီယာက ခပ်လှမ်းလှမ်း၌ ဖုန်းပြောနေသည်။

နယုန်က တမှူး၏ခြေထောက်အား သဲကျင်းတူးပြီး ထည့်မြှုပ်ဖို့ ကြိုးစားသည်။ တမှူးက အမြှုပ်မခံ။ မတော်တဆ ဇာတ်ကားတွေထဲကလို အောက်ကအကောင်တစ်ကောင်ကောင်က စားလိုက်၍ အရိုးပဲ ကျန်တော့ရင်ဟုတွေးမိပြီး ကြက်သီးထလွန်း၍ဖြစ်သည်။

ငြင်းရင်းပြုရင်း ဖမ်းရင်းချုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ်မှာပင် စီနီယာ ရောက်လာ၍ ဟိုနှစ်ယောက် ငြိမ်သက်သွားသည်။ ဤသည်ကို အခွင့်ကောင်းယူ၍ တမှူး နေရာမှထကာ စီနီယာ့နံဘေးပြေးသွားလိုက်သည်။

"စီနီယာ လမ်းလျှောက်ကြမယ်"

စီနီယာက ခေါင်းညိတ်သည်။ ညက ကိစ္စကိုတော့ နှစ်ယောက်လုံး တိုင်ပင်ထားသလို မေ့ထားဖြစ်ကြ၏။ ထို့နောက် လူတွေနှင့် ဝေးသည့်ဘက်သို့ နှစ်ယောက်ယှဥ်၍ လမ်းလျှောက်လာသည်။ ယခုတစ်ကြိမ်တော့ စီနီယာက တမှူး လက်ကို ဆုပ်ကိုင်မထားတော့ပါ။ သို့သော် အနားမှာရှိနေခြင်းကပင် တမှူးအတွက် ပြည့်စုံလွန်းနေပြီဖြစ်သည်။ ခပ်ရှရှသဲမြေထဲ ခြေဖဝါးနစ်ဝင်သွားခြင်းကို သဘောတကျခံစားရင်း လျှောက်လာခဲ့သည်။ စီနီယာက ဖိနပ်ပါသော်လည်း တမှူးက ဖိနပ်မပါ။ ဖိနပ်မပါဘဲ သဲမြေနှင့် ခြေဖဝါးထိစပ်နေခြင်းကို ပို၍ သဘောကျမိသည်။ တစ်ချက် တစ်ချက် အေးမြမြရေစက်တို့က ​ခြေဖဝါးကို ရိုက်ခတ်သည်။ ပြာလွင်လွင် ကောင်းကင်အောက် ပင်လယ်ပြင်အထက် မှုန်ဝါးဝါးလှေငယ်များက ရှုမဝသည့် သက်ဝင်ပန်းချီကားတစ်ချက်လို။

"ကောင်လေး"

"ဗျာ"

"ဇာတ်သိမ်းတော့မယ်"

"ဟမ်..."

ကောက်ကာငင်ကာဆိုလာသော စီနီယာ့စကားကြောင့် တမှူးကြောင်အသွားသည်။

"ကိုယ့်ဇာတ်လမ်းက ဇာတ်သိမ်းတော့မယ်လို့"

"ဗျာ...တကယ်ကြီးလား၊ ကျွန်တော်က ဖတ်လို့တောင် မဝသေးတာကို၊ ဒါဆို...ဒါပြီးရင် စီနီယာ နောက်ထပ်ဇာတ်လမ်း ဆက်ရေးမှာမဟုတ်လား"

I ADORE YOU. (COMPLETED)Where stories live. Discover now