Chapter-39

9.8K 1.4K 132
                                    

(Unicode)

2020 ခုနှစ်၊ မတ်လ။
ပစ္စုပ္ပန်။

တရိပ်ရိပ်မောင်းနှင်လာသော ကားလေး၏ မှန်ပြတင်းကိုမှီရင်း အမျိုးစုံသော ဆိုင်များ၏ နာမည်များကို အဓိပ္ပါယ်မဲ့ငေးမောလာမိသည်။ ဝိုးတိုးဝါးတား ​ဖျတ်ခနဲမြင်လိုက်ရသော လမ်းမပေါ်မှလူများ။ အားလုံးသည် သူ့နည်းသူ့ဟန်ဖြင့် ဦးတည်ချက်အမျိုးမျိုးအား သွားလာနေကြ၏။

အပေါ်ယံသာမြင်ရသော ထိုလူများ၊ ထိုဆိုင်များ၏ နောက်ကွယ်ကို တမှူးတို့မသိနိုင်သော်လည်း အားလုံးသည် သူ့ဘဝသူ့ဇာတ်ကြောင်းနှင့်သူ လောကဇာတ်ခုံပေါ်တွင် နေရာပေါင်းစုံမှ ပါဝင်ကခုံနေကြမည်ပင်။ အပေါ်ယံမြင်လိုက်ရသော ဆိုင်တစ်ဆိုင်၏နာမည်သည် တမှူးအတွက် မထူးဆန်းသော်လည်း ထိုဆိုင်ပိုင်ရှင်အတွက်တော့ အဓိပ္ပါယ်ပေါင်းများစွာရှိနေနိုင်သည်။ တမှူးလှမ်းတွေလိုက်သော အမျိုးသမီးကြီးတစ်ဦးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမှာ တမှူးအတွက်သာမန်ဖြစ်သော်လည်း သူ့အတွက်တော့ အကြောင်းရင်းတစ်ခုခု ရှိလျှင်ရှိနေနိုင်သည်။

တဖြည်းဖြည်း ကားလေးသည် တမှူးနှင့် ရင်းနှီးနေသော ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်လာပြီးနောက် ရပ်တန့်လိုက်၏။ ထိုအခါမှ တမှူး စီနီယာ့ထံသို့ လှည့်ကြည့်မိသည်။ ထုံးစံအတိုင်း စီနီယာက တမှူးကို ပြုံး၍ ကြည့်နေသည်။ စီနီယာ့ရင်ထဲ တစ်ခါလောက် ဝင်ကြည့်ချင်မိပါသည်။ ဘေးလူအနေနှင့် တမှူးတောင် စိတ်မကောင်းဖြစ်နေရလျှင် သွေးရင်းသားရင်းတစ်ယောက်အတွက် စီနီယာ မည်မျှ နာကျင်နေမည်နည်း။ ဒါဟာ တကယ်ကို တမြှေ့မြှေ့သော နာကျင်မှုမဟုတ်လား။

တမှူးအတွေအကြုံအရ လူတစ်ယောက်ကို နှစ်သိမ့်ဆွေးနွေးဖို့ နည်းလမ်းကို တမှူး မသိခဲ့ပါ။ သို့သော် စီနီယာ့ကိုတော့ တမှူး တတ်စွမ်းသမျှ ပျော်အောင်လုပ်ပေးချင်ပါသည်။ ငယ်ရွယ်စဥ်မို့ ရူးသည်ဟုပဲဆိုဆို စီနီယာ့ကို တမှူး အတော်လေးရူးသွပ်ပါသည်။

"ဒီနေ့ည စာမေးပွဲပြီးပြီဆိုပြီး ညကျရင်ဉာဥ့်နက်အောင်မနေနဲ့နော် ကောင်လေး၊ စောစောအိပ်၊ Ficတွေအတိုးချပြီး ဖတ်မနေနဲ့၊ တော်ကြာ ဒီပါးဖောင်းဖောင်းလေးတွေကျသွားပြီး ယုန်ပေါက်လေးနဲ့ မတူတော့ဘဲနေမယ်"

I ADORE YOU. (COMPLETED)Where stories live. Discover now