Chapter-33

10.1K 1.6K 261
                                    

(Unicode)

ကျောင်းပိတ်ရက် တနင်္ဂနွေ။

စာမေးပွဲဟူသည့် ကျောင်းသားများ၏ ခြေချုပ်က မနက်ဖြန်ဟူသောအချိန်အထိ နီးကပ်လာပြီဖြစ်သောကြောင့် တမှူး ကျောင်းပိတ်ရက်တောင် မနားမနေ စာကျက်နေရသည်။ ဖုန်းသုံးသည့်အချိန်ကို ကိုယ့်အသိစိတ်နှင့်ကိုယ် လျော့ချထိန်းချုပ်ရသည်။ မထိန်းချုပ်၍လည်း မဖြစ်။ ကျသွားလျှင် အသစ်စက်စက်ချစ်ဦးသူရှေ့မှာ ရှက်ဖို့ကောင်းသည်မဟုတ်ပါလား။

"You leave me breatheless..."

ဖုန်းမသုံးပါဘူးဟုဆုံး​ဖြတ်ထားမှ ဖုန်းကဝင်လာသည်။ သို့သော် မည်သူခေါ်မှန်းသိနေ၍ နှုတ်ခမ်းတို့က ပြုံးယောင်သန်းမိသည်။ ကျောင်းပိတ်ရက်ဖြစ်၍ စီနီယာနှင့်မတွေ့ရတာ နှစ်ရက်ပင်ရှိပြီ။

Jayy ဆိုသည့် contact name လေးကြောင့် မျက်ခုံးပင့်ကာ ပြုံးမိရသည်။ စီနီယာက ထူးထူးဆန်းဆန်း သည်ဖုန်းနံပါတ်နဲ့ခေါ်နေပါလား...။

"ဟဲလို စီနီယာ"

"အင်း...ကောင်လေး စာကျက်နေတာလား"

"ဟုတ်"

"လမ်းထိပ်ခဏထွက်ခဲ့လို့ရလား၊ စာကျက်ရင်းစားလို့ရအောင် ကိုယ်မုန့်နည်းနည်းဝယ်လာတယ်၊ အိမ်လာရင် အဆင်မပြေမှာစိုးလို့"

ရင်ထဲသိမ့်ခနဲ ကြည်နူးသွားရပြန်ကာ မှိုရသလို မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားသည်။ စီနီယာက တမှူးအတွက်ဆို အမြဲလိုလို အလိုက်သိသည်။ ယခုမှ ညနေ ၆ နာရီကျော်ခန့်မို့ အပြင်တော့ ထွက်လို့ရလောက်မည်ထင်သည်။

"ဟုတ် စီနီယာ ခဏစောင့်နော်၊ ကျွန်တော် ထွက်လာခဲ့မယ်"

ဖုန်းချပြီး အောက်ထပ်ဆင်းလာတော့ TV ကြည့်နေသော ဖေဖေနှင့်မေမေ့ကို တွေ့သည်။

"သား...ဘာလိုလို့လဲ"

စာကျက်နေသောသားဖြစ်သူအတွက် လိုလေသေးမရှိဖြည့်ဆည်းပေးဖို့ မေမေက အသင့်ရှိနေသည်။ တစ်ဖက်တွင်လည်း မုန့်လာပို့မည့် ချစ်သူက ရှိနေသည်။ တမှူးခေတ်တို့တော့ ကံထနေပါသည်။

"မေမေ သား လမ်းထိပ်ခဏသွားမလို့၊ မနက်ဖြန်စာမေးပွဲအတွက် ဘောပင်ဝယ်ချင်လို့"

I ADORE YOU. (COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ