Chapter-12

10.1K 1.7K 64
                                    

(Unicode)

နေ့လည်အချိန် ကန်တင်းတွင်ဖြစ်သည်။ တမှူးခေတ်တစ်ယောက် မျက်ခုံးနှစ်ခု ထိစပ်လုမတက် မျက်မှောက်ကုတ်လျက် ​ဆူပုပ်ကာထိုင်နေသည်။ တမှူးဘေးတွင် စီနီယာနေရင့်ရောင်က အေးအေးလူလူ ထမင်းစားနေသည်။ မျက်နှာချင်းဆိုင်မှ နယုန်နှင့်ဝသုန်အမွှာညီအစ်မသည်လည်း အရှေ့မှ လူသားနှစ်ဦး၏ ရာသီဥတုကို အကဲခတ်လျက် တိတ်တဆိတ် ထမင်းစားနေသည်။ ခါတိုင်းဆူညံနေတတ်သော ထမင်းဝိုင်းသည် ယနေ့တွင်တော့ ဇွန်းသံ ခွက်သံမှအပ တိတ်ဆိတ်နေသည်။

တမှူး နေရာမှ မတ်တပ်ထရပ်လိုက်သည်။ လူသုံးယောက်က ပြိုင်တူမော့ကြည့်လာသည်။

"ဘယ်သွားမလို့လဲ ကောင်လေး"

"အတန်းပြန်မလို့"

ဆောင့်အောင့်ထွက်လာသည့်အသံက မည်သူ့ကို စိတ်ဆိုးနေမှန်းသိသာစွာ။

"ဘာမှလည်း မစားရသေးဘဲနဲ့ ပြန်တော့မလို့လား"

တမှူး ထမင်းပန်းကန်ကို ငုံ့ကြည့်လျက် စီနီယာက ပြောသည်။

"စားချင်စိတ်မရှိဘူး"

"စားချင်စိတ်မရှိတိုင်း မစားလို့ရမလား၊ ပြီးရင် လူက သန်သန်မာမာဆိုတော့"

"ဒါ ကျွန်တော် ကိစ္စပါ"

"ကောင်လေး မဟုတ်တာကို စိတ်ကောက်မနေနဲ့ ပြန်ထိုင်"

တမှူး ထုံပေပေပြန်ကြည့်ကာ နေရာမှလှည့်ပြန်ဖို့ပြင်၏။

"တမှူးခေတ်..."

စီနီယာ့၏ အသံမာမာက နောက်ကျောမှထွက်လာသည်။

"မလိုက်ရလို့ သေသွားမှာမိုလို့လား"

"စီနီယာကရော ခေါ်ရင် သေသွားမှာစိုးလို့လား"

"ကိုယ့်ထက်အကြီးကို ပြန်မငေါ့နဲ့ ကောင်လေး၊ တစ်ခါလိုက်ပြီး တော်ရောပေါ့၊ နောက်တစ်ခေါက် ဘာလိုက်လုပ်မှာလဲ၊ ပြီးတော့ ဘာကြောင့်လိုက်ချင်တာလဲ ကိုယ်သိတယ်နော်"

လုပ်ပြန်ပြီ။ စီနီယာ တမှူးကို အထင်သေးလွန်းသည်။ အစ်ကိုကောင်းမြတ်မင်းကို ကြောင်ချင်လို့ စီနီယာ ဘတ်စကတ်ဘောလေ့ကျင့်သည့်နေရာကို လိုက်ချင်သည်ဟု တွေးတာတော့ လွန်နေပြီ။ တမှူး အစ်ကိုကောင်းမြတ်မင်းအပေါ် အားကျသည့်စိတ်မှလွဲ၍ တခြားမရှိတာ ကိုယ့်ကိုယ်ကိုယ်အသိ။

I ADORE YOU. (COMPLETED)Tahanan ng mga kuwento. Tumuklas ngayon