Part 1 (Unicode)

168K 7.1K 396
                                    

ခွန်းထက်ပိုင်...

ထက်ပိုင်သည် အရပ်မြင့်မြင့် ဆံပင်နက်နက်နှင့် ကောင်လေးတစ်ယောက်ဖြစ်သည်။ ထွားကြိုင်းသော ကိုယ်ခန္ဓာနှင့် အရာရာကို စူးစမ်းသိချင်တတ်လွန်းသော နက်မှောင်သည့် မျက်လုံးများကို ပိုင်ဆိုင်သည်။ တိုတောင်းစွာညှပ်ထားသဖြင့် သန်မာသော ဆံပင်နက်များက သူ့ခေါင်းဝိုင်းဝိုင်းတွင် ထောင်နေတတ်သည်။

ထက်ပိုင်တို့ မိသားစုသည် မချမ်းသာလှသော်လည်း မဆင်းရဲလှသည့် မိသားစုတစ်ခုဖြစ်သည်။ သူ့ဖခင်က တက္ကသိုလ်နည်းပြဆရာတစ်ယောက်ဖြစ်ပြီး မိခင်ကတော့ မိဘအမွေထားခဲ့သည့် ဗိုလ်ချုပ်စျေးမှ အထည်ဆိုင်တွင် အားလျှင်အားသလို သွားထိုင်တတ်သည်။ စိတ်ချရသဖြင့် မျက်နှာလွှဲရသော ဝမ်းကွဲညီမ ရှိသဖြင့် အမြဲလိုလိုတော့ သွားစရာမလို။

ထက်ပိုင်သည် မိခင်၊ဖခင်တို့၏ အချစ်နှင့် ဂရုစိုက်မှုကို အစဉ်အမြဲအပြည့်အဝ ပိုင်ဆိုင်ခွင့်ရထားသည့် တစ်ဦးတည်းသော သားတစ်ယောက်လည်းဖြစ်သည်။ မိဘနှစ်ပါး၏ရင်ခွင်သည် သူ ငြိမ်းချမ်းစွာ နားခိုရသည့် အရိပ်များဖြစ်သည်။ သူတို့အိမ်သည်လည်း ငြိမ်းချမ်းအေးမြခြင်းများဖြင့် အမြဲတမ်း ပြည့်နှက်နေခဲ့သည်ပဲဖြစ်သည်။ ထိုသို့လည်း သူ ယုံကြည်ထားခဲ့မိသည်။

သို့ပေမယ့်..

ထိုငြိမ်းချမ်းသော နေ့ရက်များကို တစ်စစီဖြိုခွဲဖျက်စီးနိုင်သည့် နေ့တစ်နေ့သည် လျှင်မြန်စွာ ရောက်လာခဲ့သည်။

ထိုနေ့က ကျောင်းဆင်းချိန်တွင် ကျောင်းလာကြိုမြဲဖြစ်သော မိခင်ဖြစ်သူကို ကျောင်းတံခါးဝမှာ ထက်ပိုင် မတွေ့ခဲ့ရ။ တစ်ခါတစ်လေ မိခင်ဖြစ်သူ ကျောင်းလာမကြိုဖြစ်လျှင်လည်း တစ်ယောက်တည်း အိမ်ပြန်နေကြဖြစ်သည်မို့ အထူးအဆန်းတော့မဟုတ်။ လေးလံသောလွယ်အိတ်ကို ခေါင်းချိတ်လွယ်ကာ မြေနီလမ်းအတိုင်း သူ အိမ်ပြန်လာခဲ့သည်။ မုန့်ရောင်းသောဆိုင်များ၊ မြေပြင်ပေါ်ခင်းကျင်းရောင်းချနေသော အရုပ်များနှင့် ရောင်စုံကတ်များကို ငေးကြည့်လာခဲ့သည်။

ကျောင်းစျေးသည်များဘေးမှ ဖြတ်လျှောက်အပြီးမှာတော့ ကတ္တရာလမ်းကို ဖြတ်ကူးကာ မြေနီလမ်းသွယ်တစ်ခုထဲ သူ ဆက်လျှောက်လာခဲ့သည်။ သူတို့နေထိုင်ရာ ရပ်ကွက်သည် လူအလယ်အလတ်တန်းစားများနေထိုင်ရာ အင်းစိန်လမ်းမကြီးဘေးမှ လူနေရပ်ကွက်တစ်ခုဖြစ်သည်။ အကြော်ဆိုင်၊ အခွေငှားဆိုင်နှင့် စတိုးဆိုင်များကို ဖြတ်ကျော်ပြီး အိမ်ရှိရာလမ်းသွယ်တစ်ခုထဲ ချိုးဝင်လာခဲ့သည်။

စည်းWhere stories live. Discover now