Part 6

44.3K 4.1K 11
                                    

သူ့ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသည့် ဆက်ပိုင်ကို ဦးထွန်းဟန်ချစ်ခင်စွာ လှမ်းကြည့်လိုက်သည်။ သက်သက်၏ သားငယ်သည် သက်သက်နှင့် ရုပ်ချင်းဆင်လွန်းသော်လည်း စိတ်ထားချင်းကွာလှသည်။ အေးဆေးသော ဆက်ပိုင်သည် သူငယ်စဉ်ကလိုပင် အရှက်အကြောက်ကြီးသည်။

"ဦး.. ဟို.. ဖေဖေ"

ဆက်ပိုင်ထံမှ အဖေဟုခေါ်သံကြောင့် ထွန်းဟန် အံ့သြ၀မ်းသာသွားသည်။

"ဖေဖေက ကျွန်တော့်အဖေအရင်းလားဟင်.."

အတန်ကြာတိတ်ဆိတ်နေပြီးမှ မေးလာသော ဆက်ပိုင်ကိုကြည့်ရင်း ထွန်းဟန် ၀မ်းနည်းသွားမိသည်။

"ဖေဖေ သားကိုစိတ်ချမ်းသာစေချင်ပေမယ့် မညာချင်ဘူး... ဖေဖေ သားအဖေအရင်းမဟုတ်ဘူး.. သားအဖေဘယ်သူဆိုတာလဲ ဖေဖေ မသိဘူး.. ဒါပေမယ့် ဖြစ်နိုင်ရင် ဖေဖေ့ကို သား အဖေအရင်းတစ်ယောက်လို သဘောထားစေချင်တယ်.."

ဆက်ပိုင် ခေါင်းညိတ်ပြသည်။ ဆက်ပိုင် စားပွဲဘေးကို သူ့လက်ငယ်များဖြင့် တင်းတင်းဆုပ်ထားသည်။

"ဟို.. အန်တီ အိမ်ကထွက်သွားတာ ကျွန်တော့်ကြောင့်လား ဖေဖေ..."

ထွန်းဟန်သက်ပြင်းချမိသည်။

"သား ငယ်ပါသေးတယ်.. အခုဖေဖေဒီအကြောင်းတွေ ရှင်းပြရင်လည်း သား နားလည်မှာမဟုတ်ဘူး.. အခု အန်တီအိမ်ကထွက်သွားတာ ဖေဖေ့ကြောင့်.. သားကြောင့်မဟုတ်ဘူး. သား စားပြီးရင် ရေသွားချိုးတော့.. ကျောင်းနောက်ကျလိမ့်မယ်.."

"ဟုတ်ကဲ့.."

ဆက်ပိုင် ဖေဖေ့အနားမှ ထလာခဲ့သည်။ အခန်းထဲသို့လှမ်းအ၀င် ကျောင်းဝတ်စုံအပြည့်နှင့် ဆက်ပိုင်ကို မှုန်ကုပ်မုန်းတီးစွာ စိုက်ကြည့်နေသည့် ထက်ပိုင်ကို တွေ့လိုက်ရသည်။ ဖေဖေပြောသလို အစ်ကိုတစ်ယောက်ရမည်လားဆိုသည့် သူ့စိတ်ကူးများ နေပူထဲမှရေတစ်စက်လို အငွေ့ပျံပျောက်ဆုံးသွားသည်။

"ဟေ့ကောင်.."

"ဗျာ.."

"မင်း ကျောင်းမှာ ငါတို့အိမ်မှာနေတဲ့အကြောင်း ပြောလို့ကတော့ သေပြီသာမှတ်.."

စည်းWhere stories live. Discover now