ဇာတ်သိမ်းပိုင်း ၃

87.1K 4.7K 270
                                    

မင်းသူ မောင်းလာသော ကားလေးက ပင်လယ်ကမ်းစပ်မှ အဆင့်မြင့်စားသောက်ဆိုင်ခြံဝင်းတစ်ခုထဲသို့ ချိုးကွေ့ဝင်လိုက်သည်။ အုန်းပင်များနှင့် အုပ်ဆိုင်းနေသော သစ်လုံးဆိုင်ငယ်လေးမှာ ချစ်စရာကောင်းလှသည်။ ပင်လယ်ကမ်းခြေကို ခပ်လှမ်းလှမ်းမှ နောက်ခံကားချပ်ပန်းချီတစ်ခုလို တွေ့လိုက်ရသည်။

ပင်လယ်လေညှင်းက လှပစွာပွင့်လန်းနေသော မြေပန်းအိုးကြီးများထဲမှ ရောင်စုံပန်းငယ်များကြားတွင် တိုးဝှေ့ကစားနေသည်။ ကျောက်ခဲဝိုင်းလေးများ ခင်းထားသော လမ်းအတိုင်း ဆက်ပိုင်တို့လျှောက်လာခဲ့ကြသည်။ အေးချမ်းသော၊ တိတ်ဆိတ်သော နေရာလေးတစ်ခုဖြစ်သည်။

ဆိုင်တံခါးဝတွင် ရပ်စောင့်နေသော မာလာနှင့်သူမချစ်သူကောင်လေးကို လှမ်းတွေ့လိုက်ရသည်မို့ ဆက်ပိုင်ခပ်သွက်သွက် လျှောက်သွားနှုတ်ဆက်လိုက်သည်။ အ၀ါရောင် မြန်မာဝတ်စုံနှင့် မာလာမှာ ပန်းတစ်ပွင့်လိုလှပနေသည်။ အဆင်ဆန်းသော ချိတ်အ၀ါမှာ အနက်ရောင်လှိုင်းတွန့်များရှိနေသည်။ မာလာ့ကောင်လေးကတော့ ဆက်ပိုင်တို့လို အနောက်တိုင်းဝတ်စုံကိုသာ ၀တ်ဆင်ထားသည်။

"ဆိုင်လေးကချစ်စရာလေးနော်"

မာလာ့အပြောကို ဆက်ပိုင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ကျွန်တော်တောင် ထားဝယ်မှာအနေကြာပြီး ဒီနေရာမှာဒီဆိုင်ရှိတာကို မသိဘူး.."

"မင်းက အိမ်နဲ့ဆေးရုံကလွဲရင် ဘယ်မှ မသွားတာကိုး.."

ရန်နိုင် သူ့ ဘေးသို့လျှောက်လာရင်း ပြောလိုက်သည်။

"ဆိုင်ထဲဝင်ရအောင်လေ.. ကျွန်တော်တို့ လူစုံပြီမဟုတ်လား.."

ဆက်ပိုင် ဦးဆောင်ကာ မှန်ကာထားသည့် ဆိုင်တံခါးကိုလှမ်းဖွင့်ရန် လက်လှမ်းလိုက်သည်။

"နေဦးဆက်ပိုင်.. တစ်ယောက်လိုသေးတယ်.."

ရန်နိုင် ခပ်ပြုံးပြုံးပြောလာသည်။ ဆက်ပိုင်လက်များလေထဲတွင် တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။ ရန်နိုင့်ကိုလှမ်းကြည့်သည့် သူ့မျက်လုံးများတွင် မေးခွန်းများစွာ ပါဝင်နေသည်။ သူငယ်ချင်းအားလုံး သူ့ ကို အပြုံးများနှင့် လှမ်းကြည့်နေသည်။

စည်းWhere stories live. Discover now