Part 5

49.8K 4.1K 39
                                    

ဆက်ပိုင်အမေကို ဦးထွန်းဟန် ကောင်းကောင်းသိပါသည်။

သက်သက်အလှသည် မသွေးရသေးသည့် စိန်ရိုင်းတစ်ပွင့်နှင့်တူသည်။ တောက်ပသော၊ ထက်မြက်သောသက်သက်၏ အလှသတင်းသည် သူမ၏စိတ်ဆတ်သော အမူအကျင့်များနှင့်အတူ နာမည်ကြီးခဲ့သည်။

သက်သက်နှင့် ထွန်းဟန် ပထမဆုံး စတင်တွေ့ဆုံရသည့်အချိန်သည် သူ့ဖေဖေမူးယစ်မှုဖြင့် အဖမ်းခံရစဉ်ကဖြစ်သည်။ မူလတန်းကျောင်းသားဘ၀သာရှိသေးသော ထွန်းဟန် မိခင်သည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည့်အပြင် အသက်ကြီးလှပြီဖြစ်သော အဘိုးအဘွားကလည်း နေမကောင်းလှ။ နောက်ဆုံး ရပ်ကွက်လူကြီးများ၏ စီစဉ်ပေးမှုကြောင့် မိဘမဲ့ကျောင်းသို့ရောက်ရှိလာခဲ့ရသည်။

ရပ်ကွက်ဘုန်းကြီးကျောင်းမှ ဖွင့်ထားခဲ့သည့် ပရဟိတမိဘမဲ့ကျောင်းသည် မကြီးကျယ်လှပါ။ ကလေးပေါင်းဆယ်ယောက်၊ ဆယ့်ငါးယောက်ခန့်သာ လက်ခံနိုင်သည့် အနေအထားဖြစ်သည်။ အခမဲ့လာရောက် ကူညီသည့် ဆရာ၊ ဆရာမများကျေးဇူး၊ ဆရာတော်ဘုန်းကြီး၏ အနစ်နာခံမေတ္တာများကြောင့် ဒီလောက်နှစ်ကြာအောင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခဲ့နိုင်ခြင်းဖြစ်သည်။

ထွန်းဟန်ငယ်စဉ်က ဘ၀ကြမ်းခဲ့သည်ဟု အထင်ရှိခဲ့ပါက မိဘမဲ့ကျောင်းရောက်မှပင် ယခင်ဘ၀သည် သူ့အတွက်ရွှေလမ်းခင်းသည့်ဘ၀ဖြစ်သည်ဟု အထင်မှားရလောက်ပါသည်။ အလှူရှင်များ၏ သဒ္ဒါတရားပေါ်တွင်သာ မူတည်ရပ်တည်ရသော သူတို့ကျောင်းသားများဘ၀သည် အစားဆင်းရဲ၊ အနေဆင်းရဲရသည်။ ထမင်းဖြူကိုပင် ပုံမှန်စားနိုင်လျှင် သူတို့ကျေနပ်ကြရသည်။ နွမ်းပါးသော ကျောင်းသားဘ၀တွင် အချင်းချင်းခေါင်းပုံဖြတ် အနိုင်ယူချင်သည့် ၀ါရင့်ကျောင်းသားကြီးများလည်း ရှိသည်။

ထွန်းဟန်လိုနောက်မှ ရောက်လာသည့် မကြီးမငယ်ကလေးတစ်ယောက်အတွက် မိဘမဲ့ကျောင်းသည် ပန်းခင်းသောလမ်းတစ်ခု မဟုတ်ခဲ့ပါ။ ထွန်းဟန်သည် အသားမည်းမည်း၊ ပိန်ပိန်နှင့် ၀က်ခြံအပြည့်နှင့် ကောင်လေးတစ်ယောက်သာဖြစ်သည်။ အရှက်အကြောက်ကြီးသလို သူများအနိုင်ကျင့်သမျှကို ခေါင်းငုံ့ခံရုံမှလွဲ၍ ဘာမှပြန်မလုပ်တတ်။

စည်းWhere stories live. Discover now