Part 12

41K 4K 28
                                    

လှေကားပေါ်ခပ်ကြမ်းကြမ်း လှမ်းတက်လာသော ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။ မင်းသူ့ခြေသံများဖြစ်သည်ဆိုတာ ထမကြည့်ဘဲနှင့် ရန်နိုင်သိသည်။ မင်းသူနှင့်တော့ သူမျက်နှာချင်းမဆိုင်၍မရ။ တစ်ခန်းတည်းအတူနေသော ညီအစ်ကိုနှစ်ယောက်မဟုတ်ပါလား။

ဒီနေ့မနက် ဖေဖေဆူပူသည့်အထဲတွင် မင်းသူလည်း ၀င်ပါကာ သူ့ကိုရက်ရက်စက်စက်ပြောလာခဲ့လိမ့်မည်ဟု ရန်နိုင်ထင်ထားသည်မှာ မှားခဲ့သည်။ ဖေဖေ့သူ့ကိုမရိုက်နိုင်အောင် ၀င်ကာပေးသော မင်းသူကြောင့် ရန်နိုင် ၀မ်းနည်းသည့်ကြားမှ ၀မ်းသာခဲ့ရသည်။

"ဟေ့ကောင်.. အစာငတ်ခံဆန္ဒပြနေတယ်ဆို.."

မင်းသူ သူ့ထုံးစံအတိုင်း အခန်းတံခါးကို အားကုန်တွန်းဖွင့်ဝင်လာသည်။ ကျောင်းလွယ်အိတ်ကို ကြမ်းပြင်ပေါ် ၀ုန်းခနဲ ပစ်ချလိုက်သည်။ လေးလံသော ကျောင်းစာအုပ်တစ်ချို့ လွယ်အိတ်ထဲမှ ခေါင်းပြူထွက်လာကြသည်။ အကျီင်္ဟောင်းများ၊ မခေါက်မသိမ်းထားသော စောင်များဖြင့် ရှုပ်ပွနေသော အိပ်ရာပေါ် မင်းသူ ထိုင်ချလိုက်သည်။

"ခွေးကောင်.. မင်း အဖေ ဆက်ပိုင်က မင်းနဲ့တွေ့ချင်လို့တဲ့.."

ရန်နိုင် လက်ထဲမှစာအုပ်လွတ်ကျသွားမလို ဖြစ်သွားသည်။ ဘုရားမလို့ ဆက်ပိုင်အိမ်ကို လိုက်မလာပါစေနှင့်ဟု အလိုလို ဆုတောင်းမိသွားသည်။

"မင်း ဆက်ပိုင်ကို ဘာတွေလျှောက်ပြောသေးလဲ.."

ရန်နိုင် မင်းသူနှင့် တစ်နှစ်သာကွာသည်မို့ ငယ်စဉ်ကတည်းက မင်းနှင့်ငါဟု ပြောနေကြဖြစ်သည်။ မင်းသူ ပါးစပ်နည်းနည်းမှ မလုံတာကို သိထားသည်မို့ စိတ်ပူသွားမိသည်။ မနက်တုန်းက ဒေါသကြောင့်ရော၊ ၀မ်းနည်းတာကြောင့်ပါ မင်းသူ ဆက်ပိုင်နှင့်တွေ့နိုင်သည့်အကြောင်းသူ့ခေါင်းထဲမထားမိ။

"ဘာပြောရမှာလဲ.. မင်းအကြောင်းမေးကြည့်တာပေါ့.. တစ်ခန်းတည်းနေပြီး အတူကြီးလာတဲ့ငါတောင် မသိဘဲ ဆက်ပိုင်က ဘာလို့မင်းအကြောင်းငါ့ထက်သိနေရတာလဲ.."

"မင်းသူ.. တိုးတိုးပြောစမ်းကွာ"

ရန်နိုင် အိပ်ရာထဲမှ လူးလဲထကာ မင်းသူကိုကြိမ်းမိသည်။

စည်းWhere stories live. Discover now