Part 19

1.1K 26 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်

အပိုင်း (19)

မွန်းကြပ် စို့နစ် စွာ နိုးထ လာချိန် မှာ တော့ ဒါဟာ အိမ်မက်တစ်ခု ဆို တာ သိလိုက်ရ ပါ တယ်။

အိမ်မက်ထဲ က မောင် က ကျွန်မ ကို အပြင်က လိုဘဲ  အကြီး အကျယ် ပြသာနာ ရှာ နေ ပြီး သောင်းကြမ်း နေခဲ့ တာ ပါ၊ ဒါ ဟာ ကျွန်မ အတွက် ခြောက်ခြား စရာ အိမ်မက်ဆိုး ကြီး တစ်ခုလို ဖြစ်နေပါပြီး။

မသိစိတ်ထဲ ထိ မောင့် ပေး တဲ့ နာကျင်မှု တွေ က ဝင်ရောက် စိုးမိုး လွန်း နေခဲ့ ပြီ။

နိုး လာ လာ ခြင်း မှာ ကျွန်မ memory ကို recall ခေါ် မိတယ်။ ကျွန်မ တို့ ပြသာနာ တွေ ဖြစ်ခဲ့ ကြပြီး ကြမ်းရှ တဲ့ မောင့် အနမ်း ပြင်းပြင်း အောက်မှာ ကျွန်မ ဘာမှ မသိ တော့တဲ့ အထိ သတိလစ် မေ့မြောခဲ့ ရတယ်၊ အခု တော့ ဘယ်ဘက် လက်ဖျံ မှာ ဆေးချိတ် လျက် ပြန် နိုး လာ ခဲ့ ရ ပြီ။

ခပ်တင်းတင်း ဖြစ်နေတဲ့ ညာ ဘက် လက်ကြောင့် သတိထား ကြည့် လိုက်မိတော့ ထိုလက်ကို ဆုတ်ကိုင် ပြီး ကုတင် ပေါ် ခေါင်း တစ် ဖက် မှီတင်လို့ အောက် ကြမ်းပြင်ပေါ် ထိုင်လျက် အိပ်ပျော် နေပုံ က မောင် တောက်လျောက် အဲဒီ အတိုင်း ရှိခဲ့ ပုံ ရပါတယ်။

သက်ပြင်း မော ကြီး တစ်ခု ကို ချ လိုက် မိတယ်။
မောင် ရော ကျွန်မ ရော ဒီအတိုင်း ဆက်သွား ကြဖို့ က ဖြစ်နိုင်လိမ့် မယ်လို့ ကျွန်မ တော့ မထင် ဘူး။

ဒါပေမဲ့ လင်ရယ် မယား ရယ်လို့ ဖြစ်လာ တဲ့ နောက် စိတ်ဆိုး စိတ်ကောက် ဖို့က ခဲယဥ်း နေပြန်တယ်။ အခုဘဲကြည့် မြူလွန်း လက်တစ်ဖက် ကို ခပ်တင်းတင်း ဆုတ်ကိုင်လို့ မြူလွန်း ကို တစ်ညလုံး ပြုစု ထား ပုံ ရကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတဲ့ သူ့ ကို စိတ်မနာ ရက်နိုင်ခဲ့ပါဘူး။သို့ တိုင် အောင် ဒီစော်ကားမှု ကို ဘာမှ မဖြစ်ခဲ့သလို ကျော်လွှား သွားဖို့က ပိုလို့ မဖြစ်နိုင်ဘူး လို့ တွေ့ လိုက်မိတယ်။

မောင် အနိုင်ကျင့် ဗိုလ်ကျ တက်တဲ့ အကျင့် စွဲ သွားအောင် ကျွန်မ လွှတ်ထား ပေးလို့ မရဘူး။ အနိုင် ယူလို့ သူ ဟာ တစ်ဖက်က အရှုံး ပေး မှန်း သိ သိရက် နဲ့ ဘဲ ဆက်နိုင်လို ကြ တာ မျိုး မို့၊ ဒီလို ဘဲ မောင့် ကို ရှေ့ဆက် ရှုံးနိမ့် ရ တော့ မှာ မျိုး ကျွန်မ အဖြစ်ခံ လို့ မရ ဘူး။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now