Part 8

1.2K 31 0
                                    

ချစ်သူ ဖန်ဆင်းတဲ့ အတ္တနန်းတော်
Part 8

"မမလေး ညစာ အဆင်သင့် ပြင်ပြီးပါ ပြီ ရှင်"

ယုနွယ် ရဲ့ စကား ကြောင့် အမေ နဲ့ အဘွား ကို ညစာ စားဖို့ dining room ကို ခေါ် လာ ခဲ့ တယ်။

ထိုင်ခုံ တွေ ပေါ် မှာ အသင့်ရောက် နေပြီ ဖြစ်တဲ့ မောင် နှစ် ယောက်က ပြုံးရယ် ပြတယ်။

"ခဏလေး နော် သမီး သူ့ ကို သွား ခေါ်လိုက်အုံး မယ်"

ပြောခဲ့ ပြီး သည်နှင့် သူ့ အလုပ်စားပွဲ ဖြစ်သည့် အပေါ်ထပ် ရှိ အစွန်းဆုံသော အခန်း ရှေ့ မှာ ခပ်ရို့ရို့ ရပ် ပြီး တံခါး ခေါက် လိုက်တယ်။

"ဒေါက်...ဒေါက်"

"ဝင်ခဲ့"

သူမ တံခါး ကို အသာလေး ဖွင့်လိုက်တယ်။

သူက စီးကရက် ကို ဟန်ပါပါ ရှိုက်ဖွာ ကာ ph ပြော နေရာ မှ ph ကို နား က ခွါ ရင်း စောင်းငဲ့ ကြည့် လာတယ်။
နေ့လည် က အဆင်မပြေ ဖြစ်ထား တာ မို့ ဘယ်က စလို့ ဘာကို ပြော ရမှန်း မသိ ဖြစ်နေခဲ့တယ်။

သူက ဘာမှ ဖြစ်မထား သလို မေးငေါ့ ပြတယ်။ဘာလဲ ဆိုသည့် သဘော။

"ဟို... dinner "

"ခဏစောင့် "

သူက ခဏစောင့် ဆိုတော့ မြူလွန်း လက်နှစ်ဖက် ကို အနေရ ခက်စွာ ရှေ့ ချ ထား လိုက် ရင်း တစ်ဖက် နဲ့ တစ်ဖက် အုပ်မိုးဆုပ်ကိုင် ထား လိုက်ရင်း ခပ်ကြောင်ကြောင်ကလေး ရပ်နေမိတယ်။

"ကျွန်တော်က သိပ် စိတ်မပါဘူး ဖြစ်နေတာ "

......

"ပြန် တော့ စဥ်းစား ကြည့် ပေါ့"

......

"အဲဒါ ဆိုရင်တော့ အဆင်ပြေတယ်"

......

သူက အလုပ်စကား ပြောနေသော်လည်း သူမ ကို သာ ကြည့် ကာ ပြော နေသည်မို့ နေရ ခက်လှသည်။
ထို့နောက် စီးကရက် ပြာ ကို လက်ကလေး နဲ့ ပြာဖန်ပြား ပေါ် ထောက်ချ သည်။

ဒီယောကျ်ား ရဲ့ နေပုံ၊ထိုင်ပုံ ပြောပုံ ဆိုပုံ ဟာ အဆင့်အတန်း ရှိလှကာ သူ့ဟာနဲ့ သူ တစ်မျိုး အထာကျ နေသည်။

သူဟာ အိမ်မှာ အလုပ် လုပ်နေသည့် တိုင် ဆွယ်တာ အကျီ အမဲရောင် လက်ရှည် ကို တံတောင်ဆစ် ထိဆွဲတင် ထား ကာ skinny ဘောင်ဘီ အမဲရောင် ကို ဝတ်ဆင်ထား သည့် ပုံ ကပင် ချောမော သန့်ပြန့် ကာ သပ်ရပ် နေသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now