End

2.5K 66 12
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
End
အင်မတန် နှေး ကွေးလှစွာ သော ခြေလှမ်း တွေ ဟာ ကွန်ဒို တိုက်ခန်း ဆီ ပြန်ရောက်လာ တယ်။

အရှုံး ကို ထွေးပိုက်လို့ နာရီ ကို ကြည့်လိုက်တော့ 11နာရီ။ အဟွန်း ကိုယ့် စိတ် ကို ကိုယ်တိုင် လှောင်ရယ် လိုက်မိတယ်။ တောင်ကြီး ဖမိုးအောက် ဆို ဒီလောက် ကတော့ ဘယ်တော့ မှ အာမခံ နိုင်အောင် ထိန်းချုပ်နိုင်တယ် ဆို ၊ တစ်ည လေး တောင် ပစ်မထား နိုင်ဘဲ။

အရှုံး ဟာ ခါး တယ်။
မချိုမြိန် နိုင်တဲ့ ခြေလှမ်း တွေ နဲ့ မှောင်မဲ နေတဲ့ အခန်း ဆီ ဝင် သွား လိုက်တယ်။ မှောင်ထဲ မှာ ဘဲ တံခါး ကို ခက်ဆတ်ဆတ် ခေါက် လိုက်တယ်။

"မြူလွန်းကြယ်၊ ငါ မင်း ကို နောက်ဆုံး အခွင့် အရေး ပေး ဖို့ လာ ခဲ့ တာ "

.......

"မင်း နောက်ကို ဘယ်တော့ မှ ငါ မကြိုက်တာ မလုပ်တော့ ပါဘူး လို့ ကတိပေး၊ အဲဒီ ကတိကို ပေး ရင် မင်း ကို ငါ အခု အပြင် ထုတ် ပေး မယ်"

.....

သူ ပိတ်ထား တဲ့ တံခါး ကို ကပ်မှီ ကာ ထိုင်ချ လိုက်ပြီ ကျော မှီ ခြေဆင်း ထိုင် ရင်း က စကား ဆက်ပြော လိုက်တယ်။

"ဟိတ်...မင်း ငါ ပြောတာ ကြားတယ် မလား၊ စကားပြန်ပြောလေ၊ ငါ မင်း ကို ချစ်လွန်းလို့ ဒီလောက်ထိ အရှုံးပေး နေ ပြီးပြီး၊ မင်း ငါ့ဆီ က ဘာ တွေ ထပ်ကြားချင် နေသေးလို့လဲ"

.....

"ငါ... ရှုံး နေပြီ၊ မင်း ကြောင့် မင်း ကို ငါ ဒီလောက် ထိ ချစ်တာ သိရက်နဲ့ ၊တကယ် မကောင်း နဲ့ မိန်းမ ၊ မင်း ဟာ တကယ် ကို ငါ့ ကို ရက်စက် လွန်းတယ်၊ လုပ်ရက်တယ်၊ ငါ ...ငါ အဲဒီ မိန်းမ ဆီ က မင်း ကို ကာကွယ် ပေး နေတာကို မင်း ကတော့ သူတို့ဘက်က နေ ငါ့ ကို တိုက်ခိုက်တယ်၊ မင်း ပြော မြူ မင်း ပြော၊ မင်း မရက်စက်လွန်းဘူးလား၊ သိပ် ချစ်မှန်း သိလို့ ၊ မင်း ငါ့ အပေါ် အနိုင်ယူ တာ ၊အခု ကျ တော့ ရော၊ မင်း က နာကျင်အောင် လုပ်ပြီး မင်း က ငါ့ ကို ပြန် စိတ်ဆိုးနေတယ်၊ လုပ်ပါ၊ မင်း လုပ်စမ်းပါ၊ မင်း ဘာလုပ်လုပ် ငါ မှ မင်း ကို မမုန်း နိုင်တာ"

အရှုံး တွေ ကို ကိုယ်တိုင် လှစ်ဟ ပြရင်း မကုန်နိုင်တဲ့ မျက်ရည် တွေ က ထပ်ကျ လာတယ်။ ငို ချင် တာ မဟုတ်ပေမဲ့ ချစ်တက်လာ ထဲ က အမြဲ မာကျော ခက်ထန် ခဲ့ သမျှ မျက်ရည် နဲ့ မျက်ခွက်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now