Part 2

1.7K 28 0
                                    

ချစ်သူ ဖန်ဆင်း သော အတ္တ နန်းတော်
Part 2

အတ္တကိုး တစ်ယောက် laptop ရှေ့ တွင် ထိုင်ကာ အလုပ်လုပ်နေရ သော်လည်း သွေးကြောထဲ တွင် တဖျင်းဖျင်း ဖြစ်နေရကာ စိတ် က အလိုလို တိုနေမိသည်။

ကြုံတွေ့ ခဲ့ရသမျှ ဘယ်လို ကိစ္စ ကို မဆို အေးအေး ဆေးဆေး ဖြေရှင်း လာခဲ့ သလောက် ထိုမိန်းကလေး နဲ့ ပတ်သပ်သည့် အခါ အစဥ် သဖြင့်အေးစက် နေခဲ့သည့် သူ့ သွေး များ မှာ ဆူပွက်လာ ရသည်။

သူ့ ဘဝ တစ်လျောက်မှာ လူမှန်း သိတက်စ အရွယ် ကတည်း က မိဘ နှစ်ပါး ရဲ့ ဆိုးဝါး ပြင်းထန် လှသည့် အိမ်ထောင်ရေး ပြသာနာ များစွာ ကြား မှာ ကြီးပျင်း လာခဲ့ရသည်။

မျိုးရိုး အစဥ်အဆက် ချမ်းသာ လာခဲ့သော သူ့ မိခင် မှာ ရုပ်ရည် ကြည့်ကောင်း ချောမော သည့် သူ့ ဖခင်ကို အချစ် တစ်ခု ထဲ ဖြင့် လက်ထပ်ခဲ့ သည်။

သူ့ အဖေ ဆိုသည့် လူ ဟာ အင်မတန် ယုတ်မာ သည့် လူ တစ်ယောက် ဖြစ်လေသည်။ စည်းစိမ်ဥစ္စာ ကို မက်မော ကာ သူ့အမေ ကို လက်ထပ်ခဲ့သည့် သိုက်တူး သမား ဖြစ်လို့ နေခဲ့သည်။

ရုပ်ရည် ချော မောတာ တစ်ခု ကလွဲ ပြီး ဘာ အရည်အချင်း မှ မရှိတဲ့ ဖအေ ဆို တဲ့ လူဟာ ရုပ်ရည် အားကိုး နဲ့ မြာပွေ ဖောက်ပြန် သည့် အလုပ် ကို တော့ ဖြင့် အင်မတန် ကျွမ်းကျင်သည့် လူမျိုး ဖြစ်သည်။

တသက်လုံး အလုပ် မလုပ်တဲ့ ယောကျ်ား ကို ပြရမည်ဆို လျှင် သူ့ အဖေ ကိုသာ ပြ ရပေမည်။ သူ့မိခင် ရဲ့ သုံး မကုန် သည့် စည်းစိမ် ချမ်းသာ များ ကို သုံး ရုံ သာ မက ဖြုန်း လည်း ဖြုန်းတီး စေသည့် လူ ဖြစ်သည်။

နောက်ဆုံး ယောကျ်ား ရဲ့ ဖောက်လွဲဖောက်ပြန် လုပ်မှု၊ စိတ်ဆင်းရဲဒုက္ခ ၊ ပတ်ဝန်းကျင် ကို မျက်နှာ မပြရဲအောင် ရှက်ရွံ လာ တဲ့ သူ့ မိခင် ဟာ သူ 14နှစ်သား အရွယ် မှာ ကျန်ရှိသည့် ပိုင်ဆိုင်မှု များ ကို သူ့ နာမည် နဲ့ လွှဲ ပြောင်း ကာ ကိုယ့်ကိုကိုယ် အိပ်ဆေး သောက်ပြီး အဆုံး စီရင် သွား ခဲ့သည်။

သူ့ မိခင် က ထိုသို့ ငြိမ်းချမ်း သွားသည့် တိုင် သူ့ဘဝ ငရဲက တော့ ထို အချိန်မှာ ပင် စတင် လာခဲ့လေသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now