Part 16

1K 23 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း (16)

စီးပွါးရေး ကိစ္စ အချို့ ကို မိတ်ဆွေ တစ်ယောက် ဆွဲခေါ် ရာ အတွင်းခန်း ဆီ ပါလာရကာ စကား ပြော နေရင်း သူမ ရှိရာ ဆီ ခဏ ခဏ လှည့်ကြည့်နေမိပါတယ်။

ခဏ အကြာ မှာ မျက်စိ အောက် က သူမ က ပျောက်သွား သလို ရုတ်ရုတ် သဲသဲ ဖြစ် နေတာ ကြောင့်ချက်ခြင်း ဆိုသလို စိတ်ထဲ ယောက်ယက်ခတ် သွား ကာ အပြင် ကို ပြေးထွက်လာခဲ့ တယ်။

"ကိုအတ္တကိုး ခင်ဗျား အမျိုးသမီး ရေထဲ ပြုတ်ကျ သွား ...."

ထို လူ စကား ပင် မဆုံး ချေ။
သူ ရေ ထဲ ခုန် ချ ကာ သူမ ကို ကူးခတ် ရှာ ဖွေ မိတယ်။ သူမ ရေမကူး တက်တာ ကို သိနေတာ ကြောင့်လည်း စိတ် ထဲ မှာ ပို ပူလောင် နေမိတယ်။

ဘယ်နေ ရာ ကို ကျ သွား မှန်း အတိအကျ မသိ တာကြောင့် လည်း ဘယ်လို ရှာရှာ မတွေ့။

အတန်ကြာ ကြိုးစား ရှာ ဖွေ ပြီး နောက် သူ ရေဆက်မကူး နိုင်တော့ဘဲ ခြေကုန်လက်ပန်း ကျ လာတော့တယ်။ ship ပေါ် ပြန်တက် လိုက်ရင်း ချက်ခြင်း ဆို သလို ကယ်ဆယ်ရေး speed boat တွေ နဲ့ ရေ တပြင်လုံး ကို ရှာ ဖွေ ဖို့ စီစဥ် လိုက်ရတယ်။

သူတို့ ရှိနေရာ နေရာ က စနူးကလင်း လုပ် ရန် အလွန်လှပ သည့် ကျွန်း နား မှာ မို့ ထို ပတ်ပတ် လည် ကို speed boat ရာချီ စေလွှတ် ကာ သူမ ကို ရှာ ဖွေ စေ တယ်။ သူကိုယ်တိုင်လည်း ship ပေါ် က ညွှန့်ကြား ပေး နေရင်း က ထိုင်ပင် မထိုင်နိုင်ဘဲ ယောက်ယက်ခတ် ပူလောင် နေ မိတယ်။

"အမျိုးသား တစ်ယောက် လည်း ဆင်း ကယ် တယ်။ သူ ပြန်တက်လာတာလည်း မမြင်ဘူးနော်"

အမျိုး သမီး တစ်ယောက် အပြော ကြောင့် သူ့ မျက်လုံးတွေ ထဲ အရိပ်အချို့ ဖြတ် ပြေး သွား တယ်။

သို့သော် သူ လက်မလျော့။
မြူ မင်း ဘာမှ မဖြစ်ရဘူး။
ဘာမှ ဖြစ်လို့ မရဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"အဟွတ်"

ပါးစပ်ထဲ က ရေ များ ထွက်လာ ခြင်း နှင့် အတူ လူ က အသက် ရှူ မဝ စွာ တရစပ်ချောင်း များ ဆိုး နေရင်းက မောဟိုက် ပင်ပန်း စွာ သတိရ လာတယ်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now