Part 22

1.1K 29 0
                                    

ချစ်သူ ဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း 22

"ဟဲ့...ဘယ်လိုဖြစ်လာ တာ လဲ၊ အကြောင်း မကြား၊ ဘာမကြား နဲ့ ၊ ကောက်ခါ ငင်ခါ ကြီး"

ရုပ်ရှင် ထုတ်လုပ်ရေး ရုံရှိရာ မြူလွန်း ရုံးခန်း ထဲ အထိ ရောက် လာ တဲ့ ယင်းယင်း ကို မြူ လွန်း က အံ့သြောစွာ ပြော လိုက်မိသည်။

ယင်းယင်း က အကြောင်းသိ ပီပီ အသံ အနားကပ်လာပြီး တိုးတိုး ဖြင့် ပြောသည်။

"အရေးကြီးလို့ မြူလွန်း"

"ဘာလဲ ဟ၊ နင့်ပုံစံ က မထိပ်သာ မလန့်သာ ရှိလိုက်တာ"

"ငါ စကား ပြောလို့ ရ လား "

ယင်းယင်း က ကေသီ ကို ပြောချင်တာ မှန်း မြူလွန်း သိ လိုက် သည် ။

"ရတယ်၊ ကိစ္စ မရှိဘူး၊ ငါ တခြား အလုပ်ခိုင်းထားတာ၊ ချက်ခြင်း ဝင်မလာ နိုင်ဘူး၊ ထိုင်စမ်းပါ ဦး ဟယ်"

"အေး... ပထမဆုံး ပြောချင်တာ ငါ နင့် ကို ပြောဖို့ မပြောဖို့ တစ်ညလုံး စဥ်းစား လာ ခဲ့ တယ် ဆိုတာ ဘဲ၊ ဒါပေမဲ့ နင်သိ ဖို့ တော့ လိုအပ်မယ် ထင်လို့"

"ဟင်...နင့် စကား ပလ္လင်ခံ တာ ကြီး နားထောင်ရတာ မထိပ်သာ မလန့်သာ ရှိလိုက်တာ ဟယ်"

"အေး..ရရှိမယ် မြူလွန်း..."

ယင်းယင်း ကို ပြောဖို့ ယတိပြတ် ဆုံးဖြတ်လိုက်သလို နဲ့ သထွေး ကို အရင် မျိုချ လိုက်သည်။

"နောင်ခန့် ကို ဆေးရုံ တင်ထား ရတယ်၊ တပတ် လောက် ရှိပြီ၊ မနေ့ က ဆေးစစ်ချက် အဖြေ ရ တယ်၊ အသည်းကင်ဆာ တဲ့ "

"ဟင်...ဘုရား ရေ"

မြူလွန်း ချက်ခြင်း ကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွား တယ်။

"ယင်းယင်း...သူ ငါ့ ကြောင့် ...ငါ့ ကြောင့် များလား"

"ငါ လည်း မပြောတက်ဘူး၊ ဒါပေမဲ့ ဟုတ်တိုင်း ပြောဆို ရင်တော့ နင် ပျောက်သွားထဲ က နောင်ခန့် တစ်ယောက် အသည်း ကို အရက်နဲ့ စိမ် နေတာ နေ့နေ့ ညည ဘဲ ဟယ်"

ဟင်! မြူလွန်း တကိုယ်လုံး ထူပူ သွား ရကာ ချက်ခြင်း ဆို သလို မျက်ရည်များ ဝေ့သီ လာသည်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now