Part 4

1.5K 29 0
                                    

ချစ်သူ ဖန်ဆင်းတဲ့အတ္တနန်းတော်
Part (4)

"Morning ပါ မမလေး"

"Morning ပါ ဒါနဲ့ ရှင်က"

Breakfast ပြင်ဆင်ပေးသည့် ယုနွယ်၊ မြတ်နိုး နဲ့ အတူ အခန်းထဲ ဝင်လာသည့် ရှပ်အကျီ အဖြူ စတိုင်ပန် အမဲ ၊ မျက်မှန် နှင့် ခန့်သန့်သော ရည်မွန်သည့် အမျိုးသား ကို သူမ မေး လိုက်သည်။

"ကျွန်တော် နာမည် သော်ဇင်ကို ပါ၊ boss ရဲ့ ကိုယ်ရေးအရာရှိပါ"

"ကိုယ်ရေးအရာရှိ ဆိုတာ ..."

"အလွယ်ပြောရ ရင်တော့ အတွင်းရေမှူး ဆိုပါတော့ မမလေး"

"သြော်... ဟုတ်ကဲ့၊ ဆိုတော့..."

သူမ ပြော ရင်းဆိုရင်း breakfast စားဖို့ ထိုင်ခုံ မှာ ထိုင် လိုက် သည်။ ထို့နောက် ထို့သူကို ဝင်ထိုင်ဖို့ ဖိတ်ခေါ် သော်လည်း သော်ဇင်ကို ဆိုသူ က သူမ နဲ့ မျက်နှာ ချင်းဆိုင် မှာ ရိုကျိုးဟန်ဖြင့်  ရပ်မြဲ ရပ်နေလေသည်။

"Boss က မမလေး ကို အချက် 3ချက် လုပ် စေ လိုပါတယ် ၊ အဲဒီ 3ချက် လုပ် ပြီး ရင် မိသားစု ဆီ ဆက်သွယ်ခွင့် ပေး ပါလိမ့်မယ်"

သူမ မျက်လုံး တွေ လက်ခနဲ ဖြစ်သွား သည်။ ထို့နောက် သိလိုဇော ဖြင့် ရင်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ သူမ မျက်နှာ အမူအယာ ကိုပင် လုံလုံလောက်လောက် ထိန်းချုပ်နိုင်မည့် မထင်ပါ။

"ဘ...ဘာ တွေတဲ့ လဲ၊ အဲဒီ 3ချက်က "

"နံပါတ် (1) က Personal development အတွက် English language ကို 6လ အတွင်း use to ဖြစ်တဲ့ အထိ သင်ယူ ရပါမယ်၊

နံပါတ် (2) က ဒီ 6လ အတွင်း မှာဘဲ body ကိုလည်း အဆီပို ကင်းပြီး ကျစ်လစ် အောင် train ရပါမယ်၊ အထက်တန်းလွှာ တွေလို နေထိုင် ၊ သွားလာ ပြောဆို တက်အောင် သင်တန်း တစ်ခု တက်ရပါမယ်

နံပါတ် (3) က ဝတ်စားဆင်ယင် မှု စမတ်ကျအောင် ပြီးတော့  develop ဖြစ်အောင် train ခံ ရပါမယ်"

သူမ ရှည်ရှည်ဝေးဝေး စဥ်းစား မနေတော့။

"ကောင်းပြီ၊ ကျွန်မ အဲဒါတွေ သေချာ လုပ်ရင် အိမ် နဲ့ ဆက်သွယ်ခွင့် ပေး မယ် လို့ သူ ပြော တယ် နော်"

"ဟုတ်ကဲ့၊ boss က အဲဒီလို ပြောလိုက်ပါတယ် မမလေး"

"ဟုတ်ပြီ၊ ကျွန်မ လုပ်မယ်"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now