Part 20

1.1K 30 1
                                    

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော်
Part 20

မောင်က စမ်း ကြည့်လိုက် ဆို ပေမဲ့ တကယ်တမ်း သူမ မောင့် သဘော ကို လွန်ဆန် ပြီး စမ်း ခဲ့တာ မျိုးလည်း မရှိခဲ့ ပါ။

ကံတရား ကို က သူမ နဲ့ မောင် နှစ်ဦး ကြား ကို ပြသနာတွေ နဲ့ ခလောက်ဆန် ချင်တဲ့ သဘော များ ရှိနေလေသလား သူမ ကိုယ်တိုင် ပင် နားလည် ဖို့ မတက်နိုင် တော့ချေ။

ကိုဦး နဲ့ မောင်က မပတ်သပ်ဖို့ ရာဇသံ ပေး ပြီး တစ်ပတ် အကြာ မှာ ဘဲ ကိုဦး က မြူလွန်း အိမ် ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ ခဲ့ ပါတယ်။

အကြောင်း ကတော့ တစ်လ တစ်ခါ ပိုးလေးဘက်နာ သွား ပြ တဲ့ အဖွား နဲ့  အမေ က  အထူးကု ဆေးရုံ ကြီး မှာ သူ့ မိတ်ဆွေ ကို လူနာ လာ မေး တဲ့ ကိုဦး နဲ့ အမှတ်မထင် ဆုံ ခဲ့ ရာ က နေ ကိုယ့်တူ ကိုယ်သား လို ဖြစ်နေကြတာ မို့ ထမင်းစားဖိတ် ခဲ့ တာ ကနေ စပါတယ်။

ကိုဦး ရောက် လာ တဲ့ နေ့ မှာ တော့ အမေ နဲ့ အဖွား က ဆေးရုံ တက်နေရင်း ရုတ်တရက် ဆုံး သွား တဲ့ အဒေါ် နာရေး သတင်း ကြောင့် အိမ် ကနေ သတင်းကြားလျှင် ကြား ချင်း သတင်းမေး သွား ကြတာ ကြောင့် မြူ တစ်ယောက် သာ ရှိနေတဲ့ အချိန် နဲ့ ကွတ်တိပင် ဖြစ်လို့ နေပါတယ်။

Sunday မို့ မောင်က လည်း နိုင်ငံခြား ဧည့်သည် ကို လေဆိပ် မှာ ကြို ပြီး တာ နဲ့ ခဏဆို ပြန်လာမှာ ဖြစ် တာ ကြောင့် မြူလွန်း တစ်ယောက် ပြာ ယာခတ် စွာ ဖြင့် ကိုဦး ကိုလည်း လှည့်ပြန်ခိုင်း ဖို့ အားနာ ရကာ စိတ်မော လူမော ဖြစ် နေရတယ်။

ကိုဦး က အခြေအနေ ကို အနည်းငယ် တော့ တီးမိခေါက်မိ ပုံ ရ ကာ အကြာကြီး မနေ ဘဲ ခဏ နေရင် ပြန် မယ် လို့ ဆို ပါတယ်။

"အင်းလေ ဘယ်တက်နိုင်မလဲ မြူ ရယ် ၊ နောက် မှ ထပ်လာ ပါတော့မယ်"

မြူ လည်း တား မနေ တော့ ပါ။ တကယ်ဆို ကိုဦး ဟာ သူမ ဒီလို ဆက်ဆံ သင့်တဲ့ လူ မဟုတ်ပါ၊ တစ်သက်လုံး မောင်နှမ လို နှစ်အိမ့် တစ်အိမ် ကူးလူး နေ ခဲ့ ကြသူ တွေ မို့ ပိုလို အားနာ ရပါတယ်။

ဒါ ပေမဲ့ ဒီထက် လည်း ဘာ မှ မတက်နိုင် ပါ၊ မောင် မှ မကြိုက်တာ။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now