Part 9

1.2K 36 3
                                    

ချစ်သူ ဖန်ဆင်းတဲ့ အတ္တ နန်းတော်
Part 9

အိမ်ထဲ ကို ဇွတ်ဝင်လာတဲ့ လူ တွေ ကြောင့် မြူလွန်း အလန့်တကြား တားမြစ်နေကြသည့် အလုပ်သမား များရှေ့ ထွက်ရပ်လိုက်ရတယ်။

အတ္တကိုး ရှိမနေ သည့် အတွက် ဒီ အိမ်မှာ သူမ ကသာ အိမ်ရှင် ဖြစ် နေ သည် မဟုတ်လား။

အနောက်တိုင်း ဝတ်စုံ ကို သေသေ သပ်သပ် ဝတ်ဆင်ထားကြပုံ ထောက် ရင် ဒီလူ တွေ ဟာ လူဆိုး တွေ တော့ မဖြစ်နိုင်ပါ။

"ဒီက မိန်းကလေး က မြူလွန်းကြယ် လား "

သူတို့ ထဲ က ခေါင်းဆောင် ဖြစ် နိုင်သည့် လူ က မေး လာ တာ ကြောင့် မြူလွန်း ခေါင်း ညိတ် ပြလိုက်တယ်။

"ဟုတ်ပါတယ်"

"ဂုဏ်ကိုးရှင် စံအိမ် ကို လိုက်ခဲ့ ပေး ရပါမယ်"

"ဘာအတွက်လဲရှင့် ၊ ဘယ်သူ က ခေါ်ခိုင်းတာလဲ"

"သခင်မ ကြီး ဂုဏ်ရှင်ကိုး က ခေါ်လာဖို့ အမိန့်ပေး လိုက် တယ်၊ သိချင်တဲ့ အကြောင်း ကို ဟို ရောက်ရင် သိ ရမယ်"

ဂုဏ်ရှင်ကိုး!
သူမ ခေါင်းထဲ ဒိန်းကနဲ ဖြစ်သွားသည်။
အတ္တကိုး ရဲ့ အဘွား ဆိုတာ များ လား။

"ခဏ! ကျွန်မ ကိုအတ္တကိုး ကို အရင် ဆက်သွယ် အကြောင်းကြား ချင်ပါတယ်"

ထို လူ တွေ က ခေါင်း ကို အသာခါရမ်း ကာ သူမ လက်တစ်ဖက်တစ်ချက်ဆီ ကို လှုပ်မရအောင် သူတို့ လက်များဖြင့် ဘယ်၊ညာ တစ်ဖက် တစ်ချက်ဆီ မှာ ချုပ်လိုက်ကြသည်။

"မိန်းကလေး စိတ်မရှိပါ နဲ့ ဗျ၊ ကျွန်တော်တို့ မှာ အဲဒီလို ခွင့်ပြု ပေးဖို့ မတက်နိုင်လို့ပါ"

ဘာမှ မတက်နိုင်တော့သည်မှာ ရေဗက်ကာ ကိုသာ ခေါင်းလှည့်စောင်းကာ အဓိပ္ပာယ် ပါပါ တစ်ချက် ကြည့်လိုက်မိသည်။

ပါးနပ်လွန်း တဲ့ ရေဗက်ကာ က အတက်နားလည်သည့် ပုံ ဖြင့် ခေါင်း ကို ဆတ်ခနဲ ညိတ်ပြသည်။သူမ မျက်လုံး တွေထဲ လည်း ပူပန်သည့် အရိပ်တွေ ထင်ဟပ်နေသည်မို့ မြူလွန်း တစ်ယောက် ရင်ထိပ်လာသည်။

တော်သေးသည်။ မနက်က အမေ နဲ့ အဘွား က သူတို့ အိမ် ခဏ ပြန်ပြီး လိုတာ ယူ ချင်သည် ဆိုသော ကြောင့် ဒီ လူတွေ ရောက်လာသည့် အခါ ဒီ အိမ်မှာ ရှိမနေ ကြ။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now