Part 12

1.1K 28 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း (12)

သူနဲ့ အတူ beach mood on ရတာ တကယ်ကို အတိုင်းထက်အလွန် ပျော်စရာ ကောင်းခဲ့ပါတယ်။

"ရေထဲဆင်းမလား "

ကျွန်မတို့ ရောက်တဲ့ အချိန်ဟာ ညနေ ပိုင်းမို့ နေလည်း ကျ နေလေရာ သူက မနားဘဲ ရေထဲ ဆင်းဖို့ လောဆော် လာ တယ်။

"အင်း...ဆင်းမယ် လေ "

"Ok...Jetski စီး ကြည့်မယ် မလား"

"ဖြစ်ပါ့မလားမောင် ...မြူ ၊ရေ မကူးတက်ဘူးနော် "

သူက ပါးချိုင့် ကလေး တွေ ပေါ် အောင် အားပါးတရ ပြုံး တယ်။ပြီးတော့ ဘာ မှ မပြောဘဲ လက် ကို ဆတ်ခနဲ ဆွဲ ကာ လှေကား ကနေ အဆင့်သင့် ရပ်ထားတဲ့ jetski ဆီ ဆင်းသွား တယ်။

"မောင် ရှိပါတယ် မြူ ရ၊ ဒါမှ မြူ ကြောက်တယ်ဆို အသက်ကယ် အကျီ ဝတ်ထား ၊ လာ...မောင် လက် ကို ကိုင်ပြီး ဆင်း...jetski စီးရတဲ့ အရသာ ကို သိသွားရင် မြူ ရေပေါ်က တက်ချင်မှာ မဟုတ်တော့ဘူး"

သူက အသက်ကယ် အကျီ ကို သေချာ ဂရုတစိုက် ဝတ် ပေး ပြီး နောက် Jetski ပေါ် တက်ပြီး သူ့ ခါး ကို သေချာ ဖက်ခိုင်း တယ်။

"Ok... let's go "

"Wowww"

အသည်းတထိတ်ထိတ် ရင်တဖိုဖို နဲ့ ပင်လယ်ပြင် ရေလှိုင်း တွေ ကို ဖြတ် မောင်း နေတဲ့ Jetski လေး ပေါ် မှာ သူဟာ လိုရာ ကို ပဲ့ကိုင် နေပါတယ်။

ပြင်းလွန်း တဲ့ လှိုင်းတွေ ကို ခွဲဖြတ်မောင်းရတာ ကြောင့် တိမ်းစောင်း မှာ စိုးတဲ့ စိတ်ကြောင့်ရော၊ ခပ်ပြင်းပြင်း တိုက်ခိုက် နေတဲ့ လေပြင်း တွေ နဲ့ အသည်းထိတ် ရ တဲ့ ထိပ်လန့် မှု ကြောင့် အစ ပိုင်း မှာ မျက်စိ ကို စုံမှိတ်ကာ သူ့ ကို ခပ်တင်းတင်း ဖက်ထား ရင်း အလွန် တရာ ကြောက်လန့် နေ ခဲ့ ရတယ်။

အချိန် အတော်ကြာ သူ မောင်း တာ ကို လိုက်စီး ပြီး တဲ့ နောက် တစ်ခုခု ဖြစ်ရင်တောင် သူ ရှိတယ် ဆိုတဲ့ အတွေး ဝင်လာ တာကြောင့်လား မပြောတက်ပါဘူး မြူလွန်း စိတ် တွေဟာ အံ့သြော စရာ ကောင်းစွာ ကြောက်လန့်မနေတော့ ဘဲ ပျော်မြူး လာ ခဲ့ တယ်။

"မြူ မောင်း ကြည့်မလား၊ မောင် နောက်က ထိန်းပေး မယ်"

"ဖြစ်ပါ့မလား မောင် "

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now