အပိုင်း၂၈

213 22 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၈

လတော်တော်ပင် ကြာသွားပြီဖြစ်သည်။အတိတ်က ဘ၀ကို သူ ရှင်းလင်းနေအောင် စွန့်ပစ်ခဲ့ပြီးပြီဟု ရှန့်ရှီး တစ်လျှောက်လုံး ထင်နေခဲ့မိသည်။သူ အရှေ့ကို စတင်ပြီး လျှောက်လှမ်းနေပြီပင်။လျှောက်လှမ်းနေတာ သိပ်ပြီး မဖြောင့်ဖြူးရုံသာ။

သို့သော်လည်း အခုအချိန်မှာတော့ သူ အလေးအနက်ဖြင့် အလုပ်လုပ်ပြီး ကြိုးကြိုးစားစား လျှောက်လှမ်းနေသည့် ဆိုင်တွင် ၊ တာ့ကျန့်က ကောင်မလေးတစ်ယောက်ကို ခေါ်၍ ရောက်လာသည်နှင့် ဆုံမိရာ ၊ သူ ရုတ်တရက်ဆိုသလို မျှော်လင့်ချက် မဲ့သွားမိသည်။

ဒီလောက်တောင် ကြာနေလေပြီ။သူ့ခြေထောက်အောက်တွင် ဒီအရာများ၏ ရစ်နှောင်မှုကို ခံနေရဆဲပင်။သတိမထားမိလိုက်သည်နှင့် လဲကျသွားမှာဖြစ်သည်။

တာ့ကျန့်က ဖျင်ရှူး၏ အမာခံဖန်ပင်။အကယ်၍ သူ့ကိုသာ မှတ်မိသွားပါက........

ရှန့်ရှီးမှာ ချွေးပင် ပျံလာခဲ့သည်။အစကတည်းက ခန္ဓာကိုယ်မှာ ချွေးတွေထွက်နေပြီး ၊ အခုအချိန်မှာတော့ မီးကင်ခံလိုက်ရသလိုပင်။ခန္ဓာကိုယ် တစ်ခုလုံးရှိ ချွေးပေါက်များမှာ သူ့ထက်ငါအရင် အလုအယက် ချွေးတွေ ထွက်နေကြသည်။

တစ်ခုတည်းသော ကံကောင်းမှုမှာ သူဌေး၏ အော်ပြောသံက သိပ်မကျယ်ခြင်းပင်။မီးဖိုက ထွက်နေသည့်အသံနှင့် သူဌေးမိန်းမက လက်ထဲတွင် အကြော်ဇွန်းဖြင့် တန်းတန်းနှင့်မြည်အောင် မွှေကြော်နေသည့် အသံအောက်တွင် ၊ တံခါးအပြင်ဘက်တွင် ထိုင်နေသည့် တာ့ကျန့်က သေသေချာချာ မကြားသွားသည့် ပုံပင်။

မဟုတ်ပေ။ချ်ိန်ပေါ်ယန်က သူ့ဆံပင်ကို ကတုံးတုံးပေးထားတာကို ကျေးဇူးတင်ရမည်ပင်။အရင်တုန်းက မော့ရှီးကန်းနှင့် ဆိုလျှင် ၊ တာ့ကျန့်က လမ်းမတစ်ခုခြားနေလျှင်တောင် သူ့ကို မှတ်မိသွားနိုင်သည်ပင်။

"အင်း"

သူ အသံတစ်ချက် ပြန်ပေးလိုက်ပြီး ၊ လက်ကိုဆန့်တန်း၍ သူဌေး စားပွဲပေါ် တင်ထားသည့် မတ်စ်ကို ယူတပ်လိုက်ကာ ၊ အ၀တ်စုတ်ကိုယူ၍ ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။

မတူညီမအပ်စပ်သောWhere stories live. Discover now