အပိုင်း၂၁

240 48 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၁


ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ ဆွဲမမှုကြောင့် ဆိုဖာပေါ် ရောက်လာပြီး ထိုင်ချလိုက်သည်။ဒီတစ်ချက်တိုက်မှုက မျက်ခုံးရ်ိုးပေါ် တည့်တည့် ဖြစ်နေရာ ၊ ဘယ်လောက်မှ မကြာသေးမီမှာပင် ရောင်လာခဲ့သည်။

"ဒီဟာက်ို ကိုင်ပြီး တစ်ချက်ဖ်ိထားလိုက်"

ချိန်ပေါ်ယန်က ရေခဲအိတ်သေးလေး တစ်အိတ် ယူလာခဲ့ပြီး ရှန့်ရှီး၏ မျက်ခုံးပေါ် တင်လိုက်သည်။

"ကိုယ့်ဘာသာ ဖိထား"

"အိုင်း အိုင်း အိုင်း ၊ ငါလူး ၊ ဒီဟာကြီးကလည်း အရမ်းအေးတာပဲ ၊ မခံစားနိုင်ဘူး"

ရှန့်ရှီးက ပြောလိုက်သည်။မျက်မှောင်ကြုတ်ရန် လုပ်လိုက်သော်လည်း မအောင်မြင်ချေ။မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်နှင့် နာလာသည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး ၊ နာလည်း နာတာမှ မဟုတ်တာ ၊ ရောင်ချင်လည်း ရောင်ပါစေတော့"

"ရောင်ရင် နာလာမှာ ၊ မင်းရဲ့ ဟိုပလာစတာလေးကို သုံးပြီး ကပ်ထားရင်လည်း မကာပေးနိုင်ဘူး"

ချိန်ပေါ်ယန်က ရှန့်ရှီးအား ကြည့်လိုက်ပြီး

"မင်းက ဒီလောက် အလှမက်တာ ၊ မော့ရှီးကန်းက မရှိတော့ဘူး ၊ နဖူးတစ်၀က်ကပါ ထပ်ရောင်လာရင် မင်း သည်းခံနိုင်တယ်ပေါ့?"

ရှန့်ရှီးက စဥ်းစားလိုက်ပြီး ၊ ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ကာ ၊ စိတ်မပါလက်မပါဖြင့် ရေခဲအိတ်ကို ဖိလိုက်သည်။ :

"ကျွန်တော်က ၊ ခေါက်ဆွဲအရင်စားချင်တာ ၊ ခဏနေ ခေါက်ဆွဲတွေ လုံးထွေးသွားရင် အရမ်းစားရခက်မှာ"

"ဘာမှမဖြစ်ဘူး"

ချိန်ပေါ်ယန်မှာ စားပွဲပေါ် တင်ထားသည့် ခေါက်ဆွဲနှစ်ပွဲကို ကြည့်လိုက်ပြီး

"ပြုတ်ပြီးသွားတဲ့ အချိန်ကတည်းက လုံးထွေးနေပြီးပြီ"

"အိုင်းရိုး"

မတူညီမအပ်စပ်သောWhere stories live. Discover now