အပိုင်း၁၈

256 37 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၈


ရှန့်ရှီး၏ ဒီရုတ်တရက်ဆန်သည့် အပြုအမူကြောင့် ချိန်ပေါ်ယန်မှာ အသိပြန်မ၀င်တော့ မတတ် ဖြစ်သွားခဲ့သည်။

"ဘာလုပ်တာလဲ ၊ ငါ့မှာ လန့်သွားတာပဲ" 

သူ အနောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး 

"ထမင်းစားတော့ ၊ ရုတ်တရက်ကြီး ဒါက်ို လာပြောနေတယ်"

"အနှစ်ချုပ်လိုက်တဲ့ နောက်မှာ ခင်ဗျားက တကယ့်ကိုလူကောင်းလို့ ခံစားရလို့ပါ" 

ရှန့်ရှီးက ထိုင်ခုံက်ို ဆွဲယူ၍ ထိုင်ချလိုက်ပြီး ၊ ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

"ကျွန်တော့် ဒီတစ်ဘ၀လုံး တွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ စိတ်ထားကောင်းပြီး ​အရိုးသားဆုံးလူက ခင်ဗျားပဲ"

"တွေ့ဖူးတဲ့လူက အရမ်းနည်းလို့ပါ" 

ချိန်ပေါ်ယန်ကလည်း ထိုင်ချလိုက်ပြီး   ဆလတ်ရွက်တစ်ရွက်ယူ၍ ဟင်းကို စထုပ်လိုက်သည်။ 

"ပြီးတော့ ငါပြောဖူးပါတယ် ၊ မင်းကိုကူညီတာ ငါ့မှာကိုယ်ပိုင်အကြောင်းပြချက် ရှိတယ် ၊ တစ်ချိန်လုံး လျှောက်စဥ်းစားမနေနဲ့ ၊ ရက်နည်းနည်းလောက် နေပြီးရင် မြန်မြန် နေရာတစ်နေရာရှာပြီး ပြောင်းသွားတော့"

"အင်း" 

ရှန့်ရှီးက ဟီးဟီးဟု နှစ်ခေါက်လောက် ရယ်လိုက်ပြီး ၊ ဆလတ်ရွက် တစ်ရွက် ယူလိုက်ကာ ၊ ဟင်းများကို ထုပ်၍ ပါးစပ်ထဲ ထည့်တော့မည့် အချ်ိန်တွင် ၊ ချိန်ပေါ်ယန်က ထုပ်ပြီးသွား၍ တစ်ကိုက်ကိုက်ပြီးသည့်နောက် ရပ်သွားသည်က်ို မြင်လိုက်ရရသည်။မျက်နှာအမူအရာက တစ်ခုခုကို အလေးအနက် တွေးနေပုံပင်။ရှန့်ရှီးမှာ ကိုယ့်လက်ထဲရှိ ဆလတ်ထုပ်ကို ကြည့်လိုက်ပြီး 

"ဘာဖြစ်လို့လဲ?"

"ငါ့ဒီဘ၀မှာ" 

ချိန်ပေါ်ယန်က အရွက်ကို မြိုချလိုက်ပြီး ၊ နောက်တစ်ကိုက် ဖြည်းဖြည်းချင်း ကိုက်လိုက်သည်။ 

မတူညီမအပ်စပ်သောWhere stories live. Discover now