အပိုင်း၇

274 60 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၇


ပုံမှန်အချိန်များတွင်ဆို သူ တော်တော်လေး သတိရှိသည်ဟု ရှန့်ရှီးထင်မိသည်။မန်ထိုလို ပုံစံမျိုးနှင့် ယှဥ်လိုက်လျှင် ၊ သူက တည်ငြိမ်ရင့်ကျက်ပြီး စိတ်ထဲတွင် အမြဲတမ်း သတိရှိနေတတ်သည့်......လူဆိုးလူမိုက်တစ်ယောက်ပင်။

ဒီရက်ပိုင်းမှာတော့ ဘယ်လ်ို ဖြစ်နေမှန်း မသိတော့ပေ။အလိမ်အညာစကား ပြောရင်း ဘယ်လ်ိုဆက်လိမ်ရမလဲ မေ့သွားတာကို ထားလိုက်။အခုလိုမျိုး ခိုးထားသူ၏ ပိုက်ဆံအိတ်ကိုပင် လက်အလျဥ်းသင့်သလို ထုတ်ယူမိလ်ိုက်သေးသည်။

ထို့အပြင် ချိန်ပေါ်ယန်၏ အမြင်အားကလည်း တော်တော်လေး ကောင်းလှသည်ပင်။သူ အသိပြန်၀င်လာပြီး ၊ ပိုက်ဆံအိတ်က်ို ပြန်ထည့်ဖို့ပင် အချိန်မရလိုက်ချေ။

"အိုင်း.....ရိုး......"

ရှန့်ရှီးမှာ ဗိုက်ကို ဖိအုပ်၍ ဆောင့်ကြောင့် ထိုင်ချလိုက်မိသည်။ဒါက ဗိုက်နာလို့လား ၊ ဒါမှမဟုတ် ချိန်ပေါ်ယန် မျက်လုံးထဲတွင် သူ့ပုံရိပ်က ဟိုးချောက်နက်အဆုံးထိ ထိုးကျသွားတာကြောင့် ၀မ်းနည်းသွားတာလား ဆိုတာကို သူကိုယ်တိုင်ပင် မသိပေ။နောက်ဆုံးမှာတော့ သံရှည်ဆွဲ၍ သက်ပြင်းချလိုက်မိသည်။

"အိုင်း......"

ချိန်ပေါ်ယန်က သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။သူ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေပြီး စကားမပြောလာသည့်နောက်ကို အတော်ကြာအောင် ကြည့်နေသေးပြီး ၊ နောက်ဆုံးတွင် ကဒ်တစ်ကဒ် ထုတ်ယူ၍ ငွေသိမ်းသည့် ကောင်မလေးထံလှမ်းပေးလိုက်သည်။ :

"ကဒ်နဲ့ရှင်းမယ် ၊ လုပ်ပြီးသွားရင် ငါ့ဆီ ဖုန်းတစ်ချက် ဆက်ပေး"

ရှန့်ရှီးမှာ ခေါင်းမော့ကြည့်လိုက်မိပြီး ၊ သုံးရာ ခင်ဗျားကို ထပ်ပေးမယ်ဟု ပြောရန် ပြင်လိုက်သည့် အချိန်တွင် ၊ ချိန်ပေါ်ယန်က သူ့အရှေ့နားတွင် ဆောင့်ကြောင့်ထိုင်လာပြီး ၊ သူ့သိုးမွှေးဂျက်ကပ်အင်္ကျီ၏ ဇစ်ကို ဆွဲဖွင့်၍ ထိုစာအိတ်အား သူ့အင်္ကျီထဲ ထိုးထည့်ပေးလာသည်။ :

မတူညီမအပ်စပ်သောWhere stories live. Discover now