အပိုင်း၁၁

315 51 8
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၁

ချိန်ပေါ်ယန်မှာ ခုနကမှ ရိုက်ပြီးသွားသည့် ရှန့်ရှီး၏ဓာတ်မှန်ကို ကိုင်၍ ကြည့်နေမိသည်။နှစ်ပတ်ဆိုသည့် အချိန်အတွင်း ၊ ပြန်ကောင်းလာသည့် အခြေအနေမှာ မဆိုးလှပေ။လူငယ်ဖြစ်တာကြောင့် ၊ ကောင်းကောင်းမွန်မွန်သာ ကြီးထွားလာပါက မကောင်းသည့် အကျိုးဆက်များလည်း ကျန်နေမှာ မဟုတ်ပေ။

ရှန့်ရှီး၏ ဒဏ်ရာက ပေါ့သေးသေး မဟုတ်ပေ။သို့သော်လည်း သူ သူ့ကိုယ်သူကာကွယ်သည့် အနေအထားကို ရွေးချယ်တာ မှန်သွားသည့် ပုံပင်။ဦးခေါင်းနှင့် အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှာ ကြီးကြီးမားမား ဒဏ်ရာမရသွားကြပေ။

မျက်နှာကိုလည်း အဓိကထားပြီး ကာကွယ်ခဲ့သည့်ပုံပင်။ခြစ်မိထားသော ဒဏ်ရာများနှင့် အတွင်းကျေ ဒဏ်ရာများသာ ရထားသည်။သိပ်မကြာမီ ရက်အတွင်းမှာပင် ပျောက်သွားကြပြီဖြစ်သည်။

သို့သော်လည်း လက်မောင်း ၊ ခြေထောက်နှင့် နောက်ကျောပေါ်တွင်တော့ ဒဏ်ရာတွေ တော်တော်များသည်ပင်။အရိုးကို ထည့်မတွက်လျှင်တောင် ၊ အရိုက်ခံထားရ၍ ရထားသည့် ဒဏ်ရာများကပင် မနည်းလှပေ။ဒဏ်ရာအကြီး ၊ ဒဏ်ရာအသေးများကို မနည်းမနော ချုပ်ပေးထားရသည်။

ခန္ဓာကိုယ်ပေါ်က တော်တော်လေး နာနေလောက်သည်ပင်။သ်ို့သော်လည်း ရှန့်ရှီးမှာ သတိရလာသည့် ပထမနှစ်ရက်တုန်းကသာ ခန္ဓာကိုယ်က နာသည်ဟု ​သူ့အား အော်ပြောခဲ့ပြီး ၊ နောက်ပိုင်းတွင် ထပ်မပြောလာတော့ပေ။

ဘေးနားရှိ ကုတင်က ကျိုးကျင့် ဆေးရုံမဆင်းသေးခင်က ၊ ရှန့်ရှီးမှာ လုပ်စရာမရှိပါက ၊ ထိုသူနှင့် အတော်ကြာအောင် ပျော်ပျော်ကြီး စကားပြောနေသေးသည်ပင်။

တော်တော်လေး သည်းခံနိုင်လှသည်။

ရှန့်ရှီးမှာ ပုံမှန်အချိန်များတွင်ဆို ဟီးဟီးဟားဟားနှင့် ရှိနေတတ်သည်။သို့သော်လည်း ဒဏ်ရာတွေ ဘယ်လိုရလာတာ ၊ ဘယ်နားမှာ ဒဏ်ရာရလာတာ ဆိုသည်များကိုတော့ တစ်လျှောက်လုံး ပါးစပ်ကို တင်းတင်းစေ့၍ ဘာမှမပြောပြခဲ့ပေ။လျှာချော်ပြီး ပြောပြတာမျိုးပင် မရှိခဲ့ချေ။

မတူညီမအပ်စပ်သောWhere stories live. Discover now