အပိုင်း၈

378 52 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၈

မိမိမှာ နည်းနည်း အထိန်းအချုပ် ကင်းလွတ်နေသည်ဟု ချိန်ပေါ်ယန် တွေးလိုက်မိသည်။ဆေးရုံ တံခါးမကြီးမှ ထွက်လာခဲ့ပြီး ၊ လေအေးက မျက်နှာရော ခေါင်းပေါ်ပါ တစ်ရစပ် တိုက်ခတ်သွားသည့် အချိန်ကျမှသာ ၊ ခုနက ခံစားချက်ထဲကနေ သူ ဖြည်းဖြည်းချင်း ပြန်ထွက်လာနိုင်ခဲ့သည်။

ခြေထောက်နာခြင်းမှာ ပြဿနာ တစ်ခုခု ရှိနေသည်ဟု မဆိုလိုပေ။ကြွက်သားနာတာ ၊ တိုက်မိတာ ၊ ထိမိတာ......အ​ကြောင်းအရင်း အမျိုးမျိုးပင်။

ရှန့်ရှီး၏ စကားတစ်ခွန်းကြောင့် ၊ ဖြစ်ပေါ်လာသည့် သူ၏ ဒီတုံ့ပြန်မှုမှာ ၊ မသိသူများဆိုလျှင် သူ့ထံ၌ ပြဿနာတစ်ခုခု ရှိနေသည်ဟု ထင်သွားနိုင်လောက်သည်။

သို့သော်လည်း ၊ အကယ်၍များ ချိန်ပေါ်ယွီက ခြေထောက်နာသည်ဟု သူ့အား ပထမဆုံးအကြိမ် ပြောပြလာစဥ်က ၊ အခုလို တစ်ရာပုံတစ်ပုံလောက်သာ စိုးရိမ်တတ်ခဲ့လျှင် ၊ ဖြစ်နိုင်တာက.......

ထားလိုက်တော့။ဘာ ဖြစ်နိုင်တာတွေ ရှိနိုင်မှာလဲ။

ချိန်ပေါ်ယန်မှာ ခံစားချက်ကို တစ်ချက် ထိန်းညှိပြီးကာမှ ၊ ကားပါကင်ဆီသွား၍ ကားသွားယူလိုက်သည်။

အိမ်ရောက်လာသည့် အချိန်၌ ၊ အမေက ထမင်းဟင်းများကို ချက်ပြီးသွားပြီပင်။အဖေကတော့ ကွန်ပျူတာအရှေ့တွင် ထိုင်၍ အချက်အလက်များ ကြည့်နေလျက်ရှိသည်။

"မနက်ဖြန် အစည်းအဝေး သွားလုပ်မှာလား?"

ချိန်ပေါ်ယန်က အပေါ်၀တ်ကို ချွတ်၍ တံခါးဘေးနားရှိ ဘီရိုထဲ ထည့်လိုက်သည်။ပြီးနောက်တွင် ဖိနပ်စင်ပေါ် တင်ထားသည့် ပုလင်းထဲမှ ပိုးသတ်ဆေးနည်းနည်း ညှစ်ယူလိုက်ကာ လက်ကိုပွတ်ရင်းဖြင့် ကွန်ပျူတာဘေးနား လျှောက်လာခဲ့လိုက်သည်။

စာကြည့်ခန်းထဲတွင် ကွန်ပျူတာတစ်လုံး ရှိသေးသည်။သို့သော်လည်း ထိုကွန်ပျူတာက အမေ့ဟာပင်။ပုံမှန်ဆိုသလို အမေက သင်ခန်းစာများ ပြင်ဆင်စရာ ရှိနေတာကြောင့် ၊ တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက် မဖြစ်စေရန်အတွက် ၊ အဖေ့၏ ကွန်ပျူတာမှာ မတရားစွာဖြင့် ဧည့်ခန်း၏ ထောင့်ထဲတွင် ချထားခံရသည်။

မတူညီမအပ်စပ်သောWhere stories live. Discover now