Part.7

1.9K 48 0
                                    


Unicode

''ချစ်တေးသီ''

ချစ်တေးအိမ်ထဲရောက်ရောက်ချင်းမှာအမေဖြစ်သူရဲ့မျက်နှာတည်တည်နဲ့အသံခပ်ဆောင့်ဆောင့်၏ကြိုဆိုခြင်းခံလိုက်ရသည်။

''လာဦးဒီကို''

ချစ်တေးဧည့်ခန်းထဲလျှောက်သွားပြီးသူမအမေနဲ့မျက်နှာချင်းဆိုင်မှာထိုင်ကာ

''ဟုတ်မေမေ''

''သူငယ်ချင်းဆီဟန်းချိန်းသွားယူတာကိုးနာရီလောက်ကြာတယ်ပေါ့ မနက်ကိုးနာရီလောက်ကတည်းကအိမ်ကထွက်သွားတာလေ ခုမှပြန်လာတာလား ခြောက်နာရီတောင်ထိုးတော့မယ်''

''သူငယ်ချင်းနဲ့လျှောက်လည်နေလို့''

''ခုအိမ်ကိုဘယ်သူပြန်လိုက်ပို့တာလဲ''

''ဆုထက်ဦးလေး''

''မေမေမြင်လိုက်တာဦးလေးအရွယ်မဟုတ်ဘူးနော်''

''ဦးဂုဏ်ကအရမ်းနုတာလေ အသက်သုံးဆယ်လို့မထင်ရဘူးမလား ကိုရီးယားမင်းသားတွေလိုပဲအသက်လေးဆယ်ကျော်နေတာတောင်20ကျော်လေးလို့ထင်ရသလိုဦးဂုဏ်လည်းအဲလိုပဲထင်ရတယ်မလား''

ထိုလူ့အကြောင်းပြောတာနဲ့တက်ကြွသွားတဲ့သမီးကိုကြည့်ပြီးဒေါ်ယိမ်းနုငယ်မျက်မှောင်အစုံကျုံ့ကာ

''နေပါဦး သမီးကအဲ့လူအကြောင်းပြောတာကိုဘာလို့ဒီလောက်တက်ကြွနေတာလဲ''

''ဟို ဦးဂုဏ်ကတစ်ကယ်ချောလို့လေ ပြီးတော့သဘောလည်းအရမ်းကောင်းတာ သမီးသူ့ကိုအရမ်းခင်တာ အဲဒါကြောင့်ပါ''

''သမီးနော် ကြည့်ကြပ်နေ သမီးအဖေအကြောင်းသိတယ်မလား''

''သိပါတယ်မေမေ''

''အင်း မေမေပြောတယ်ဆိုတာအခုသမီးကငယ်သေးလို့ အသက်အရွယ်တစ်ခုရောက်လို့သမီးရည်းစားထား အိမ်ထောင်ပြုမယ်ဆိုရင်သမီးအဖေခွင့်မပြုရင်တောင်မေမေကိုယ်တိုင်သမီးအဖေကိုရအောင်ပြောပေးမှာ ဒါပေမယ့်အခုတော့မဟုတ်သေးဘူး''

''ဟုတ်ကဲ့ပါမေမေ''

''အင်း သွားသွား ခြေလက်သန့်စင်ပြီးအဝတ်အစားသွားလဲ''

''ဟုတ်ကဲ့''

ပြောပြီးချစ်တေးအိမ်ပေါ်တက်လာခဲ့လိုက်၏။
အခုမဟုတ်သေးဘူးဆိုတော့ဘယ်တော့လဲ။
သူမကဘယ်ချိန်မှရည်းစားထားပြီးယောကျ်ားယူရမှာပါလဲ။

Always You[completed]Where stories live. Discover now