Final Part

4.3K 62 3
                                    


Unicode

ဂုဏ်ရှိန်မှန်တင်ခုံပေါ်ကလက်ဆောင်ဗူးလေးကိုယူပြီးအခန်းထဲကထွက်လာစဥ် ဆုထက်ကလည်းပြင်ဆင်ခြယ်သပြီးအခန်းထဲကထွက်လာကာ

''လေးလေး ဆုထက်သွားတော့မယ်''

''အင်း ဒီမှာ ချစ်တေးအတွက်မွေးနေ့လက်ဆောင်ပေးပေးဦး''

''ဟုတ်လေးလေး''

သူမလက်ဆောင်ဗူးလေးကိုကြည့်ပြီး

''မနှစ်ကဒီလိုနေ့မျိုးမှာချစ်တေးနဲ့လေးလေးနမ်းမိခဲ့ကြတာနော် အခုချစ်တေးသတိမေ့နေတာတစ်နှစ်နီးပါးရှိပြီ လေးလေးတို့ချစ်သူသက်တမ်းလည်းတစ်နှစ်ပြည့်တော့မှာနော်''

''အင်း ကဲပါ နောက်ကျနေမယ် သွားတော့ ကင်မရာကိုချစ်တေးဘက်သေချာလှည့်နေယ် ကွယ်မနေစေနဲ့''

''အင်းပါလေးလေးရဲ့ သွားပြီတာ့တာ''

''အင်း''

ဆုထက်သူ့ရှေ့ကထွက်သွားတာနဲ့သူသက်ပြင်းခပ်ဖွဖွချရင်းအခန်းထဲပြန်ဝင်ခဲ့လိုက်၏။

အသည်းမာလွန်းတဲ့ချစ်တေးအမေကသူ့အားခုချိန်ထိချစ်တေးနဲ့ပေးမတွေ့။

ဒါပေမယ့်ထူးခြားအကူအညီနဲ့သူဆရာဝန်ပုံစံဟန်ဆောင်ကာသူမကိုတစ်လတစ်ခါတော့သွားတွေ့ဖြစ်ပါသည်။

သူမနဲ့ခဏလေး​ပဲတွေ့ရလည်းသူ့အတွက်ကပြည့်စုံပြီးသားပါ။

☃☃☃

မနှစ်ကနဲ့မတူပဲ ဒီနှစ်ချစ်တေးရဲ့မွေးနေ့က​မိသားစုနဲ့သာကျင်းပခဲ့ပြီးသူစိမ်းဆိုလို့ဆုထက်နဲ့ဟန်လင်းမြတ်သာပါသည်။

မွေးနေ့ဆုတောင်းသီချင်းဆိုပေးနေကြတဲ့သူတို့နှုတ်ခမ်းတွေ​ကပြုံးနေပေမယ့်သူတို့မျက်လုံးတွေကတော့ဘယ်လောက်ဝမ်းနည်းနေရကြောင်းပြောပြနေ၏။

ဂုဏ်ရှိန်လည်းလက်တော့ပ်ကနေတစ်ဆင့်သူမမျက်နှာလေးကိုကြည့်ကာပြုံးမိသည်။

''ကလေးကနေနိုင်လိုက်တာ ကလေးကိုဒီလောက်ချစ်​ကြတဲ့သူတွေကိုပစ်ထားရက်နိုင်တယ် ဘယ်တော့များမှသတိပြန်ရလာမှာလဲ''

သူကြည့်နေတုန်းမှာပဲသူမရဲ့မွေးနေ့ပွဲလေးကပြီးဆုံးသွားပြီးသူမမိဘတွေကပဲကိတ်ခွဲလိုက်ကြသည်။

You've reached the end of published parts.

⏰ Last updated: Mar 05 ⏰

Add this story to your Library to get notified about new parts!

Always You[completed]Where stories live. Discover now