Part.5

2K 43 0
                                    


Unicode

အဲဒီနောက်ပိုင်းကစပြီးချစ်တေးနဲ့ဦးဂုဏ်တို့မတွေ့ဖြစ်ကြပေ။
ချစ်တေးကလည်းဆုထက်တို့အိမ်မသွားဖြစ်တော့သလိုဦးဂုဏ်ကိုလည်းဖုန်းမဆက်မိ။
စာမေးပွဲကြောင့်လည်းပါသည်။

သူမတို့နောက်ထပ်တစ်ခေါက်ထပ်တွေ့ကြတာကချစ်တေးတို့စာမေးပွဲနောက်ဆုံးနေ့မှာပါ။

သူမတို့စာမေးပွဲဖြေပြီးလို့ကျောင်းရှေ့ကိုထွက်လာတော့ဆုထက်က

''ချစ်တေး ကျောင်းပိတ်ရက်နင်ဘာလုပ်မှာလဲ''

''ဘာလုပ်ရမှာလဲ အိမ်မှာပဲနေမှာပေါ့ နင်ကရော''

''ငါ့ကိုလေးလေးကသူ့ကုမ္ပဏီမှာသူ့အလုပ်တွေလေ့လာခိုင်းနေတာ''

''ဟွန်း ပျင်းစရာကြီး ငါကတော့ငါ့အစ်ကိုနှစ်ယောက်ကိုတစ်လှည့်စီလိုက်ဂျီကျပြီးတစ်ချိန်လုံးလျှောက်လည်နေမှာ''

''သိပါတယ် ဒါနဲ့လေချစ်တေး ဟို နင်ငါ့လေးလေးနဲ့မတွေ့တာကြာတော့မလွမ်းဘူးလား''

''လွမ်းတာပေါ့ ဒါပေမယ့်လည်းဘယ်တတ်နိုင်မလဲ သူကငါနဲ့မတွေ့ချင်လောက်ဘူးလေ''

''နင်ငါ့လေးလေးကိုအတည်လားဟင်''

''အတည်လေ''

''ဟုတ်ရဲ့လားဟယ် နင့်ပုံစံကပေါ့ပျက်ပျက်နဲ့ နင်ငါ့​လေးလေးကိုချစ်တာလားကြိုက်တာလား''

''အဲ့နှစ်ခုကအတူတူပဲမဟုတ်ဘူးလား''

''ကြည့်ပါလား နင့်ဟာနဲ့နင်တောင်အူကြောင်ကြောင်နဲ့ ချစ်တာနဲ့ကြိုက်တာတူမှမတူတာ ကြိုက်တယ်ဆိုတာကလူတစ်ယောက်ရဲ့အပေါ်ယံကိုပဲမက်မောတာ အဲလူချောတာလှတာလေးကိုသဘောကျတာ အဲ့လူမလှတော့တဲ့အခါမျိုး သူ့ထက်သာတဲ့သူတွေ့တဲ့အခါမျိုးတို့တစ်ခြားအကြောင်းအရာတွေကြောင့်အဲ့လူကိုကြိုက်နေတာကပြောင်းလဲသွားနိုင်ပေမယ့်ချစ်တယ်ဆိုတာကတော့မတူဘူး ချစ်တယ်ဆိုတာ အဲဒီ့လူဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်လက်ခံနိုင်တာ အဲဒီလူကျရှုံးချိန်မှာရော ဒါမှမဟုတ်ပုံဆိုးပန်းဆိုးနဲ့မလှမပဖြစ်သွားရင်တောင်မှမစွန့်လွှတ်ပဲအနားမှာအမြဲရှိနေပေးတာမျိုးကမှအချစ်''

Always You[completed]Where stories live. Discover now