Part.3

2.3K 55 0
                                    


Unicode

ချစ်တေးစာမျက်နှာအလွတ်မှာစာတစ်ချို့ရေးပြီးဆုထက်ဘက်တိုးပေးလိုက်၏။စာသင်ချိန်မို့ခုလိုစာရေးပြီးပြောရတာအားမရလှပါ။

''ချင်းဂူး နင့်လေးလေးကခါတိုင်းဘယ်ချိန်အိမ်ပြန်လာတာလဲ''

ဆုထက်ပြုံးစိစိနဲ့စာပြန်ရေးပြီးချစ်တေးဘက်ပြန်ပို့ပေးလာလေသည်။

''အချိန်မမှန်ဘူး လေးနာရီဒါမှမဟုတ်ငါးနာရီပြန်လာတာပဲ ဘာလဲ နင်ငါ့အိမ်လိုက်မလို့လား''

ချစ်တေးမျက်နှာကသကာလောင်းထားတဲ့ပုံစံနဲ့စာပြန်ရေးကာဆုထက်ဘက်ပြန်ပို့လိုက်၏။

''တော်လိုက်တဲ့တူမလေး တီတီ့ကိုခေါ်မယ်မလား''

''နင့်ကြီးတော်ကိုတီတီပါလား လိုက်ခဲ့ကောင်မစုတ်လေး စာမေးပွဲကနီးနေပြီ စာကိုပဲအာရုံစိုက်စမ်းပါ''

''အင်းပါတူမလေးရဲ့ ခိခိ''

ညနေကျောင်းဆင်းတော့ချစ်တေးရည်ရွယ်ထားတဲ့အတိုင်းဆုထက်တို့အိမ်ကိုလိုက်လာခဲ့၏။
အိမ်ကိုလည်းသူငယ်ချင်းအိမ်မှာစာလုပ်မှာမို့လာမကြိုဖို့ကြိုပြီးဖုန်းဆက်ထားလိုက်သည်။

ဆုထက်တို့အိမ်ကိုရောက်တော့ခြံထဲမှာရှေ့ဆင့်နောက်ဆင့်ရပ်ထားတဲ့ကားနှစ်စီးကြောင့်ဆုထက်မျက်နှာကသိသိသာညှိုးကျသွားတာကိုချစ်တေးသတိထားမိလိုက်၏။

''ဆုထက် ဘာဖြစ်လို့လဲ''

''ဘာမှမဖြစ်ပါဘူး ချစ်တေး နင်အပြင်မှာခဏစောင့်ပေးလို့ရလားဟင် ခဏနေမှငါလှမ်းခေါ်လိုက်မယ်''

''အင်း ရတယ်လေ ငါဒန်းပေါ်မှာထိုင်စောင့်နေမယ်''

''အင်း''

ပြောပြီးဆုထက်ကအိမ်ထဲကိုအပြေးတစ်ပိုင်းဝင်သွားလေသည်။
ချစ်တေး ဆုထက်ကိုသာဒန်းပေါ်မှာစောင့်နေမယ်ပြောလိုက်ပေမယ့်တစ်ကယ်သူမရောက်သွားတာဧည့်ခန်းကိုရှင်းရှင်းလင်းလင်းမြင်ရသောပြတင်းပေါက်နားကိုပါ။

ဆုထက်ကအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးဆီငိုပြီးပြေးသွားတာမို့သူတို့ကဆုထက်မိဘတွေဆိုတာချစ်တေးတန်းသိလိုက်သည်။
ဆုထက်ပြောပြလို့သူကမိဘတွေနဲ့အတူမနေဘူးဆိုတာပဲအကြမ်းဖျင်းသိထားခဲ့တာပါ။

Always You[completed]Where stories live. Discover now