Part.14

2.2K 46 0
                                    


Unicode

ဦးဂုဏ်ဆေးရုံကဆင်းတဲ့နေ့မှာဦးဂုဏ်ကသူမအတွက်အမွှေးပွယုန်ရုပ်လေးလက်ဆောင်ပေးခဲ့သည်။

''ကလေးအတွက်လက်ဆောင်''

''ချစ်တေးကကလေးမှမဟုတ်တာကို''

''ကလေးကမလိုချင်လို့လား''

''မဟုတ်ပါဘူး ဦးဂုဏ်ပေးတာဆိုအကုန်ကြိုက်တယ် အကုန်လိုချင်တယ်''

အရုပ်လေးကိုကြည့်ကာပြုံးနေသောသူမမျက်နှာလေးကိုကြည့်ပြီးဂုဏ်ရှိန်ပါလိုက်ပြုံးမိရင်းမှသူမပါးအားနမ်းမလို့ကပ်အသွား ဆုထက်ကအိမ်ထဲဝင်လာတာကြောင့်သူကိုယ်ကိုနောက်ပြန်ဆုတ်လိုက်သည်။

''ဦးဂုဏ်ချုပ်ရိုးသွားဖြည်ရင်ချစ်တေးကိုခေါ်နော်''

''အင်းပါ''

ဆုထက်က

''နေ့လည်စာချက်ဖို့ကမမီတော့ဘူး အိမ်မှာလည်းဘာမှမရှိဘူးဆိုတော့ဆိုင်တစ်ဆိုင်ကပဲမှာစားကြတာပေါ့နော်လေးလေး''

''အင်း ဆုထက်အဆင်ပြေသလိုလုပ်လိုက်''

တူမဖြစ်သူအိမ်ပေါ်တက်သွားတော့ဂုဏ်ရှိန် ချစ်တေးပါးကိုအမိအရနမ်းဖြစ်အောင်နမ်းလိုက်သည်။

''ဦးဂုဏ်ကလည်း ဆုထက်မြင်သွားပြန်ဦးမယ်''

''မမြင်ပါဘူး''

ပြောပြီးသူချစ်တေးမျက်နှာအနှံ့အကြင်နာအနမ်းမိုးတွေရွာချပေးလိုက်၏။

ချစ်တေးကလည်းသူ့ပါးအားပြန်နမ်းပြီးသူ့ကိုယ်အားသိုင်းဖက်၍လာလေသည်။
ဂုဏ်ရှိန်လည်းသူမပုခုံးလေးအားပြန်လည်ဖက်ထားလိုက်တော့၏။

☃☃☃

ဦးဂုဏ်ကိုဆေးရုံသွားစောင့်ပေးနေရတာတွေရော ဦးဂုဏ်ရဲ့ခွဲစိတ်ဒဏ်ရာအရှင်းမပျောက်သေး၍ချစ်တေးစိတ်ပူကာသွားဂရုစိုက်ပေးနေရ၍ရောကြောင့်ချစ်တေးအိမ်မကပ်တာရက်ကြာသွား၏။

''သမီး ဒီရက်ပိုင်းသမီးကိုအိမ်မှာမတွေ့ရဘူးနော်''

မနက်စာစားနေရင်းပြောလာတဲ့ဖေဖေ့စကားကြောင့်သူမဖြေစရာစကားမရှိဖြစ်သွားရသည်။

Always You[completed]Where stories live. Discover now