Unicode
ဂုဏ်ရှိန့်ရဲ့ကားလေးချစ်တေးတို့အိမ်ရှေ့မှာထိုးရပ်သွားနဲ့ချစ်တေးနဲ့ဆုထက်တို့ကားပေါ်ကဆင်းလာကြ၏။
''ဦးဂုဏ် ချစ်တေးသွားပြီနော် တာ့တာ''
''အင်း''
ဆုထက်ကချစ်တေးကိုတွဲပြီးအိမ်ထဲပို့ပေး၏။
အိမ်ဆီကိုသွားနေတဲ့လမ်းတစ်လျှောက်ဆုထက်က''ချစ်တေး နင်လေးလေးကိုပြောနေတာငါကြားလိုက်တယ် နင်အရင်ကပြောခဲ့တဲ့စကားပြန်မရုတ်သိမ်းဘူးဆိုတာလေ''
''အင်း ဆုထက် ငါဦးဂုဏ်ကိုတစ်ကယ်ချစ်မိနေပြီ''
''နင်ငါ့လေးလေးကိုအတည်ကြီးလား''
''အတည်ပါဆို အခုငါ့ပုံစံကမိန်းမနောက်ပိုးနဲ့တူနေပြီ ဦးဂုဏ်ကိုလည်းနားမလည်နိုင်ဘူး သူ့ပုံစံကခန့်မှန်းရခက်လွန်းတယ်''
''ငါနင့်ကိုပြောချင်တာကအချစ်ကလုပ်ယူလို့မရဘူးနော်ချစ်တေး''
''ဟမ်''
''လူတစ်ယောက်ကိုယ့်ကိုချစ်လာဖို့လုပ်ယူလို့မရဘူး လူတစ်ယောက်ရဲ့နှလုံးသားကိုသွားပြီးချုပ်ကိုင်လို့မရဘူး ကိုယ်ဘယ်လောက်ပဲလုပ်ယူလုပ်ယူသူတို့ချစ်ချင်တဲ့လူမှချစ်ကြတာ သူတို့နှလုံးသားကလက်ခံတဲ့သူကကိုယ်မဟုတ်ရင်ကြိုးစားလည်းအပိုပဲ နောက်ဆုံးကျရင်ထိခိုက်နာကျင်ရမယ့်သူကနင်ဖြစ်နေမှာစိုးလို့ ပြီးတော့ငါသိသလောက်က လေးလေးကရည်းစားထားဖို့မိန်းမယူဖို့စိတ်မကူးထားဘူး ဘာလို့လဲတော့မသိပေမယ့်ငါထင်တာလုံးဝမမှားရင်လေးလေးဘယ်မိန်းကလေးကိုမှမချစ်ဘူး နင်ကငါ့သူငယ်ချင်းမို့နင်ထိခိုက်မှာစိုးလို့ငါကပြောပြတာနော် တစ်ခြားဘာရည်ရွယ်ချက်မှမရှိဘူး ပြီးတော့ငါတို့တွေကငယ်သေးတယ်လေ နောက်ထပ်ဘာတွေကြုံလာရဦးမလဲ ငါတို့ကိုဘယ်သူတွေကလာချစ်ဦးမလဲပြောမှမပြောနိုင်တာ''
ချစ်တေး ဆုထက်ပြောတာတွေနားထောင်ရင်းအိမ်ထဲဘယ်လိုရောက်လာမှန်းမသိလိုက်။
ဆုထက်ကသူမကိုဧည့်ခန်းထဲထိတွဲခေါ်လာပြီး
''ငါပြောတာတွေမမေ့နဲ့ ငါသွားတော့မယ်''