Part.15

2.1K 49 1
                                    


Unicode

တိတ်ဆိတ်ငြိမ်သက်နေသောဆေးရုံရဲ့အခန်းလေးထဲမှာအောက်စီဂျင်ပိုက်တန်းလန်းနဲ့ချစ်တေးတစ်ယောက်အပူအပင်ကင်းစွာအိပ်မောကျနေ၏။

လက်နှစ်ဖက်လုံးဆေးအပ်တွေအပြည့်ဖြစ်နေတာတောင်သူမလေးကတစ်ချက်မငြီးငြူ။သူမအာရုံခံစားမှုမရှိနေလို့ပဲဖြစ်လိမ့်မည်။

ထိုအခန်းလေးရဲ့အပြင်ဘက်မှာတော့...

''ရှင်ထွက်သွား သမီးမျက်နှာကိုရှင်လာကြည့်စရာမလိုဘူး''

''ယိမ်း ယိမ်းဘယ်လိုပြောလိုက်တာလဲ ကိုယ့်ကိုသမီးလေးနဲ့ပေးတွေ့ပါကွာ''

သူမလက်ကိုလာကိုင်တဲ့ခင်ပွန်းရဲ့လက်ကိုဆတ်ခနဲဖြုတ်ချပြီး

''ကျွန်မသမီးခုလိုဖြစ်ရတာဘယ်သူ့ကြောင့်လဲဟမ် ခုလိုဝေဒနာတွေခံစားနေရတာဘယ်သူ့ကြောင့်လဲ ရှင်နဲ့တိုင်းဂုဏ်ရှိန်ကြောင့်လေ ရှင်တို့တွေသမီးရဲ့ဆံစလေးကိုတောင်တွေ့ရမယ်မထင်နဲ့ ပြီးတော့ကျွန်မရှင့်ကိုတစ်ခါတည်းပြောလိုက်မယ် ကျွန်မသမီးတစ်ခုခုဖြစ်သွားရင် ရှင်နဲ့ကျွန်မအကွဲပဲနော်''

''ယိမ်း''

သူ့အသံကနာကျင်ပြီးမချိတင်ကဲဖြစ်သွားတဲ့အသံ။
သမီးကသတိရလာမလား မရလာဘူးလားမသိရသေးချိန်မှာ ဇနီးဆီကပါစိမ်းစိမ်းကားကားစကားတွေကြားလိုက်ရတဲ့သူ့အဖို့ဘယ်လိုမှခံနိုင်ရည်စွမ်းမရှိတော့ပါ။

''ယိမ်းကိုယ့်ကိုအဲလိုမပြောပါနဲ့ကွာ ကိုယ်ဘယ်လိုမှမခံစားနိုင်ဘူး''

''ရှင်ခံစားနေရတာက ကျွန်မသမီးခံစားရတာထက်ပိုသာဦးမလား ကျွန်မသမီးက ကျွန်မသမီးတိုက်ပေါ်ကပြုတ်ကျခဲ့တာ အဲဒါကလည်းသူ့ရဲ့ချစ်လှစွာသောအဖေကြောင့်ဆိုတော့သမီးဘယ်လောက်နာကျင်မလဲ အခုသမီးကဘယ်ချိန်မှနိုးလာမလဲမသိဘူး ကျွန်မရှင့်မျက်နှာကိုဘယ်လိုစိတ်မျိုးနဲ့မှကြည့်လို့မရဘူး ရှင်ထွက်သွား''

​​ပြောပြီးတာနဲ့ဒေါ်ယိမ်းနုငယ်အခန်းထဲဝင်ခဲ့လိုက်၏။

အခန်းထဲရောက်တော့သမီးဖြစ်သူနားသွားကာကုတင်ဘေးမှာထိုင်ပြီးလက်ကလေးကိုကိုင်၍

Always You[completed]Where stories live. Discover now