Part.10

2.2K 54 0
                                    

Unicode

ထိုညကဂုဏ်ရှိန်လည်းအိပ်မပျော်သလိုချစ်တေးလည်းအိပ်လို့မရခဲ့ပါ။

သူမကအသက်အရွယ်အရဦးဂုဏ်ထက်ငယ်ပေမယ့်နှလုံးသားရေးရာကိစ္စမှာတော့တစ်ကယ်လေးနက်ရင့်ကျက်တယ်ဆိုတာဦးဂုဏ်သိပါလေစ။
သူမတစ်ကယ်ပဲဦးဂုဏ်ကိုအရမ်းချစ်မိနေပြီ။အမြစ်တွေပါတွယ်နေပြီ။

ချစ်တေးဖုန်းလေးကိုဖွင့်ကာnoteထဲဝင်၍ယနေ့ရက်စွဲလေးရေးကာသူမနဲ့ဦးဂုဏ်နမ်းမိတဲ့အဖြစ်လေးအားစာစီကာရေးထားလိုက်၏။

''ချစ်တယ်ဦးဂုဏ်''

_________

နောက်နေ့မနက်သူမတို့ဟိုတယ်ကနေအိမ်ကိုပြန်ရောက်တော့သူမမေမေက

''သမီး ခဏလေး ကားပေါ်ကမဆင်းနဲ့ဦး''

''ဘာလို့လဲမေမေ''

''မကြာခင်သိရမှာပေါ့''

ပြောပြီးသူမမေမေကသူ့ပိုက်ဆံအိတ်ထဲပုဝါလေးကိုထုတ်ကာသူမမျက်လုံးကိုစည်းပေးလိုက်။

''ဟာ လက်ဆောင်ပေးမလို့လား''

''အင်းပေါ့''

''ဝါး ရင်ခုန်လိုက်တာ ဘာပေးမှာလဲဟင်မေမေ''

''အရင်ကားပေါ်ကဆင်း''

သူမဖေဖေနဲ့မေမေကသူမလက်အားတစ်ဖက်တစ်ချက်စီကဆွဲ၍တွဲခေါ်လာလေသည်။

''သမီး အဆင်သင့်ပဲလား''

''အင်း readyပဲ''

''3 2 1''

သူမမေမေပုဝါကိုဖြည်လိုက်ချိန်မှာသူမမျက်လုံးထဲဝင်လာတာကအပြာရောင်ပြိုင်ကားလေး။

''ဟင် ဒီကားက''

''သမီးအတွက်လက်ဆောင်လေ''

''တစ်ကယ်လားဖေဖေ''

''တစ်ကယ်ပေါ့ငါ့သမီးရ''

''ဖေဖေနဲ့မေမေကိုချစ်လိုက်တာ''

သူမအဖေနဲ့အမေကိုတစ်လှည့်စီနမ်းပြီးကားလေးဆီပြေးသွားပြီးပတ်ပတ်လည်လိုက်ကြည့်ကာ

''အရမ်းလှတယ် ကြိုက်တယ်ကြိုက်တယ် ဟီး မေမေ ချစ်တေးကိုဓာတ်ပုံရိုက်ပေး လိုင်းပေါ်တင်ရမယ်''

Always You[completed]Where stories live. Discover now