Part.8

2.2K 53 0
                                    

Unicode

ဂုဏ်ရှိန်သေချာနားဝင်အောင်ချော့ပြောလိုက်မှချစ်တေးတစ်ယောက်သူ့​ဆီကနေပြန်သွားပါသည်။

သူ့ဆီကနေချစ်တေးပြန်သွားကတည်းကသူဆိုဖာမှာမလှုပ်မယှက်ထိုင်နေတာနာရီဝက်ခန့်ကြာတဲ့အထိပါ။

သူ့အာရုံထဲမှာချစ်တေးရဲ့မျက်နှာလေးကတဝဲလည်လည်နှင့်။

''ဦးဂုဏ်ရင်တွေအရမ်းခုန်နေတယ်နော်''

သူမျက်လုံးမှိတ်လိုက်တာနဲ့သူမစကားသံကသူ့နားထဲတိုးဝင်လာပြီးလူကအသက်ရှူပါကြပ်သွားသလိုပင်။
သူအင်္ကျီအပေါ်ကြယ်သီးသုံးလုံးကိုဖြုတ်ပြီးဆိုဖာကျောမှီချလိုက်၏။

သူခုလိုဖြစ်နေတာချစ်မိခြင်းရဲ့လက္ခဏာပါဆိုလျှင်.....။

<<<<<<<>>>>>>>

ချစ်တေးအိမ်ပြန်ရောက်ရောက်ချင်းခြံထဲမှာသူမအဖေရဲ့ကားကိုမြင်ပြီးလူကတံထွေးနင်သွားသလိုပင်။

ချစ်တေးအိမ်ထဲရောက်တော့သူမမေမေကလက်ထဲမှာပန်းကန်တစ်လုံးကိုကိုင်ပြီးအိမ်ပေါ်တက်ဖို့ပြင်နေ၍ချစ်တေးအမေဖြစ်သူထံပြေးသွားပြီး

''မေမေ ဖေဖေပြန်ရောက်နေတာလား''

ချစ်တေးသူမအမေလက်ထဲကပန်းကန်ကိုကြည့်လိုက်တော့ဆန်ပြုတ်ထည့်ထားတဲ့ပန်းကန်ဖြစ်နေလေသည်။

''အဲဒါဖေဖေ့အတွက်လား''

''အင်း သမီးအဖေအအေးမိပြီးဖျားနေလို့အိမ်ပြန်လာတာ''

ချစ်တေးချက်ချင်းပဲအိမ်ပေါ်ထပ်ကိုပြေးလာခဲ့လိုက်၏။
သူမအဖေအခန်းထဲရောက်တော့ကုတင်ပေါ်မှာလှဲအိပ်နေတဲ့အဖေဖြစ်သူနားကပ်ထိုင်ပြီး

''ဖေဖေ''

ဦးဝဠာမျက်လုံးတွေမှိတ်ထားရာကအသာဖွင့်ကြည့်ပြီးသမီးရဲ့မျက်နှာကိုမြင်တော့လှဲအိပ်နေရာမှထထိုင်လိုက်၏။

''ဖေဖေနေမကောင်းဘူးဆို''

''ဒီအတိုင်းအအေးမိတာပါ ဘာမှမဖြစ်ပါဘူး''

ဒေါ်ယိမ်းနုငယ်လည်းအခန်းထဲဝင်လာပြီး

''ဘာကိုဘာမှမဖြစ်ရမှာလဲ ဒီလောက်ကိုယ်တွေပူနေတာကို''

Always You[completed]Where stories live. Discover now