Part (19)

389 30 9
                                    

(Unicode)

အလိုအလျောက်ငွေထုတ်သည့်စက်ရှေ့တွင် တန်းစီရပ်နေရင်း ချန်ကီသည် သူမလက်ထဲက ဘဏ်ကဒ်ကို ကိုင်ကာ စိတ်လှုပ်ရှားနေလေသည်။ ယနေ့တွင် ကုမ္ပဏီက အလုပ်သင်အင်တာဗျူးဖြေပြီးနောက် သူမကို ယခင်ပရောဂျက်ကြောင့် အလုပ်ဘောနပ်ပေးခဲ့လေသည်။  ပြီးခဲ့သော ပရောဂျက်တွင် သူမနှင့်အတူ ဆွန်ယာနှင့် လီဂရင်းတို့လည်း ပါဝင်ခဲ့သော်လည်း အဖွဲ့မှူးက သူမကို သီးသန့်ခေါ်ကာ ဘောနပ်ပေးခဲ့တာကြောင့် သူမ အလွန်ပျော်ရွှင်နေလေသည်။

      Bonusသည် သူမ၏ တစ်လစာထက်ပိုများနေတာကြောင့်လည်း သူက ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် ငွေထုတ်ပြီးနောက် သူမက မိဘမဲ့ဂေဟာက ကလေးများအတွက် လိုအပ်သည်တို့ကို ဝယ်ယူခဲ့သည်။ ကလေးများနှင့်လည်း မတွေ့ရတာ ကြာပြီမို့ မကြာခဏ သွားတွေ့ရန်လည်း တွေးထားခဲ့သည်။

     ချန်ကီသည် လာမယ့်နှစ်တွင် အထက်တန်းသို့ ရောက်မည့်ကလေးက ၆ယောက်တောင် ရှိနေတာကြောင့် သူမအနေနဲ့ ပိုကြီးလာတဲ့ စရိတ်များအတွက် အနည်းငယ် စိုးရိမ်နေလေသည်။ ချန်ကီသည် ဂေဟာရှေ့မှ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ကလေးများ၏ပညာရေး ရလာဒ်များကို ထိုင်ကာ စစ်နေမိသည်။

     လက်ရှိတွင် တက္ကသိုလ်တက်ကာ မိဘမဲ့ဂေဟာကနေ ထွက်ပြီး အစိုးရထောက်ပံ့မှုဖြင့် ဆက်လက်ရပ်တည်သွားသော ကလေးက ယခုနှစ်တွင် ၅ ယောက်ရှိတာကြောင့် သူ့ထံတွင် အရွယ်မရောက်သေးသော ကလေးက ၈ ယောက်သာ ကျန်တော့သည်။

     ချန်ကီအတွက်တော့ အဖွားတည်ထောင်ခဲ့သော နွေးထွေးရိပ်မြုံဂေဟာမှ ကျန်ခဲ့သော ကလေး ၁၄ ယောက်ကို လူလားမြောက်ကာ ကိုယ်ပိုင်ရပ်တည်နိုင်လျှင် သူ့တာဝန်လည်း ဆုံးခန်းတိုင်ပြီဖြစ်သည်။ သူတစ်ယောက်တည်းနဲ့တော့ ဂေဟာလည်ပတ်အောင် ဆောင်ရွက်နိုင်မည်မဟုတ်သော်လည်း သူ့အဖွားလက်ထက်ကတည်းက ဂေဟာအတွက် လစဉ်ကူညီထောက်ပံ့မှုများကို အစိုးရထံမှ ရရှိခဲ့တာကြောင့် သူ့အနေဖြင့် အဆင်ပြေခဲ့လေသည်။

     ချန်ကီသည် ပညာရေးရလာဒ်များကို စစ်ဆေးနေစဉ်တွင် အိုင်ယန်နိုသည် အနားသို့ ရောက်လာကာ ချန်ကီ့အဖို့ ရေတစ်ခွက်ကို လာပေးလေသည်။ အိုင်ယန်နိုတောင် အတော်လေး အရွယ်ရောက်လာပြီဟု ချန်ကီ သတိပြုမိလိုက်သည်။ အချိန်တွေ ကုန်လွန်တာမြန်လွန်း၍ အရာအားလုံးက မနေ့တစ်နေ့က ကဲ့သို့ပင် ထင်မှတ်ရသည်။ ဂေဟာကို ရောက်လာတုန်းက ပိန်ခြောက်ခြောက် မွဲညစ်ညစ်ကလေးက အခုတော့ အထက်တန်းကျောင်းသားလေးဖြစ်ကာ လှပသော အိုမီဂါပေါက်စလေး ဖြစ်နေလေသည်။

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

Happy Marriage : Days After 24 Years OldWhere stories live. Discover now