Part (14)

190 21 3
                                    

Unicode

" အရင်ကလို မကြာမကြာ မလာနိုင်တော့တဲ့အတွက် တောင်းပန်ပါတယ်။ နောက်ဆို ဒီထက်ပိုပြီးတော့ လာနိုင်အောင် ကြိုးစားပါ့မယ် "
ဆေးနံ့များဖြင့် ဖုံးလွှမ်းနေသော အခန်း၏ မှန်ပါးပါးရှေ့တွင် ချန်ကီသည် ရပ်ကာ တိုးတိုးလေး တောင်းပန်မိသည်။ မြင်နေရသော မှန်အနောက်ဖက် အခန်းထဲတွင် ကောင်မလေးတစ်ယောက်က ဆေးပြွန်များ၊ ပိုက်များဖြင့်ဆေးသွင်းထားကာ မသိလျှင် အိပ်ပျော်နေသကဲ့သို့ပင် ထင်ရသည်။ ပကတိ ငြိမ်းချမ်းစွာ အိပ်ပျော်နေသော သူမသည် နှစ်ရှည်လများ ကိုမာဝင်နေသော သူမနှင့် မိဘမဲ့ဂေဟာတွင် အတူနေခဲ့ဖူးသော ညီအစ်မ တစ်ယောက်ဖြစ်လေသည်။

အဖွားဆုံးပြီးနောက် တာဝန်ယူမှုမရှိသော သူများကြောင့် အဖွားလက်နဲ့တည်ဆောက်ခဲ့ရသော ဂေဟာလေးက တဖြည်းဖြည်းယိုင်နဲ့လာခဲ့သည်။ ချန်ကီသည်ပင် အရွယ်မရောက်သေးသောကလေး ၈ ယောက်နဲ့အတူ ကျန်ခဲ့ပြီးတော့ ကျန်သူများကလည်း ပျောက်ကွယ်သွားခဲ့သည်။

ပြန်တွေးကြည့်မိတိုင်း ထိုသူများကို မုန်းလည်း မုန်းသကဲ့သို့ စက်ဆုပ်လည်း စက်ဆုပ်မိသည်။သို့သော်လည်း ကံတရားက သူမကို တစ်ခါလေးတောင် လှည့်ကြည့်သည်ဟူ၍ မရှိ။

" ဆရာဝန်ကတော့ သူ့အခြေအနေက ဘာမှ မထူးလာဘူးလို့ပဲ ပြောပါတယ် ။ သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်အောင် သူ့ဘာသာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဆေးတွေကိုလည်း ကောင်းကောင်းစုပ်ယူပြီးတော့ လည်ပတ်နေပေမဲ့ လူနာက ကိုမာ ဝင်နေတဲ့အခြေအနေကနေ ရုန်းထွက်ဖို့ ကြောက်နေတဲ့ပုံပဲတဲ့၊ သူ ကိုမာမဝင်ခင်က ကြုံတွေ့ခဲ့ရတာက အရမ်းကို ပြင်းထန်လွန်းလို့ သူ့စိတ်က ကြောက်နေဆဲပဲတဲ့၊ အဲတာကြောင့် သူ့မိသားစုဝင်တစ်ယောက်ယောက်က သူ့ကို အမြဲလိုလို လာတွေ့ပြီးတော့ စကားပြောပေးရင် သူ့စိတ်က ပြန်လည် ထချင်စိတ်ပေါက်လာမယ်လို့ ပြောပါတယ် "

ဆရာမကဲင်သည် ချန်ကီကို ချယ်ရီ့ဝှိုက်ထ်၏ အခြေအနေကို ပြောပြလေသည်။ ချန်ကီသည် သက်ပြင်းယဲ့ယဲ့ချမိသည်။ တစ်ပြိုင်တည်း သူ့ကိုယ်သူ အပြစ်ရှိစိတ်လည်း ခံစားလိုက်ရသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now