Part (10) : Unicode+ Zawgyi

183 24 2
                                    

Dominant Alpha တစ်ယောက်အနေဖြင့် မိမိအမှတ်အသားပြုထားသော အိုမီဂါထံ၌ တစ်ခြားအယ်လ်ဖာ၏ဖယ်ရိုမုန်းများ ကပ်စွဲလာခြင်းသည် ဖောက်ပြန်ခြင်းနှင့်မခြားကြောင်း ဘီတာအတုကတော့ ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။
------_----------------

ချန်ကီသည် ဖုန်းလက်ခံရရှိပြီးနောက် ချက်ချင်းပင် တက်စီငှားကာ အိမ်ခြံမြေအကျိုးဆောင်ဆီသို့ ပြေးလွှားသွားခဲ့သည်။ ညနေ ရုံးပိတ်ချိန်နီး၍ ဝင်ခွင့်မပြုခဲ့တာတောင် ချန်ကီသည် လျင်မြန်စွာ ရုံးအတွင်းသို့ တွန်းတိုက်ဝင်ကာ ‌မန်နေဂျာကို မေးခဲ့သည်။

" ရှင်တို့ အဲလို လက်လွတ်စပယ် ငွေထုတ်ပေးလိုက်လို့မရဘူးလေ! ကျွန်မက အဲငွေတွေကို တရားဝင်ဥပဒေအရ မြေကွက်ဝယ်ဖို့ ပေးချေခဲ့တာလေ ! ရှင်တို့က ဘယ်လိုကုမ္ပဏီလဲ ? ပြီးတော့ ကျွန်မ မဟုတ်တဲ့ သူကို ငွေပြန်အမ်းလို့ မရဘူးလေ ! " ချန်ကီသည် မန်နေဂျာကို စိတ်ဆိုးစွာ မေးမြန်းလေသည်။

အကျိုးဆောင် အမျိုးသားသည် စာချုပ်တစ်ခုကို ပြသကာ
" နိုင်ငံတော်ကာကွယ်ရေးဥပဒေအရ အိုမီဂါ၏ ဘဏ္ဍာရေးကိစ္စရပ်များကို ထိုအိုမီဂါ အသက် ၂၅ နှစ်မပြည့်ခင်၌ အိုမီဂါတစ်ဦး၏ မိသားစုဝင် အထူးသဖြင့် မိခင်နှင့် ဖခင်တို့မှ အပြည့်အဝ တာဝန်ပိုင်ခွင့်ရှိသည်။ အိုမီဂါများသည် စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်သော မျိုးစိတ်များဖြစ်၍ တစ်စုံတစ်ယောက်မှ ၎င်းတို့အား ခြိမ်းခြောက်အကြမ်းဖက်ရန်မှ ကာကွယ်ရန် ဖြစ်သည် ။ "

" မစ္စချန်ကီက စိတ်ပိုင်းဆိုင်ရာ နုနယ်တဲ့အချိန်မို့လို့ စိတ်လိုက်မာန်ပါနဲ့ ငွေဖြုန်းမိတယ်ဆိုပြီး အုပ်ထိန်းသူများက ဆိုလာတာကြောင့် ကျွန်တော်တို့ကလည်း ဥပဒေနဲ့အညီ ပြန်ထုတ်ပေးလိုက်တာပါဗျ "

" ကျွန်မက လက်ထပ်ထားပြီးသားရှင့် ! ပြီးတော့ ဒီမြေကို ဝယ်ယူတာကလည်း မိဘမဲ့ဂေဟာဆောက်ဖို့အတွက်ဆိုပြီး တရားရုံးကို တင်ပြထားပြီးသား ! ရှင်တို့ ကျွန်မငွေကို အဲလို လက်လွယ်စပယ်လုပ်လို့မရဘူးလေ ! "

" အဲတာဆိုရင် မစ္စချန်ကီရဲ့ ခင်ပွန်းသည် အယ်လ်ဖာကို ခေါ်ပြီး မနက်ဖြန် ရုံးကို ပြန်လာပေးပါဗျ ၊ ပြီးတော့ ကျွန်တော်တို့ ရုံးပိတ်ချိန်ရောက်နေပြီဖြစ်တာကြောင့် ပြန်ပေးပါ "

Happy Marriage : Days After 24 Years OldWhere stories live. Discover now