Part (15)

194 24 1
                                    

Unicode

ချန်ကီနိုးလာသည့်အချိန်တွင် မိုစံအိမ်သို့ ပြန်ရောက်နေပြီးတော့ သူမ၏ လည်ပင်းတွင်မူ ပတ်တီးအထပ်ထပ် စည်းထားသည်ကို တွေ့လိုက်သည်။ အိမ်တော်ထိန်းက သူမ မေ့နေတာ ၂ ရက်လောက်ရှိပြီဟု ပြောလေသည်။

"  ရေနည်းနည်းလောက် သောက်လိုက်ပါဦး " အိမ်တော်ထိန်းရှန်နန်က ရေခွက်ကို  ကမ်းပေးလာသည်။
ချန်ကီက တစ်လုပ်မျှသောက်ပြီးနောက် " မိုလန်ကရော "

" သခင်မလေးမိုက ဒီနေ့ ပရိတ်သတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲကို သွားပါတယ်" ဟု ဆိုကာ တီဗီဖွင့်ပေးပြီး ထွက်သွားသည်။ ဂုတ်ပိုးကနေ မခံမရပ်နိုင်အောင် နာကျင်နေတာကြောင့် သူမက ဘာမှလုပ်ချင်စိတ်ရှိမနေခဲ့ပေ။ ထို့ကြောင့် ချန်ကီသည် တီဗီကို ကြည့်နေလေသည်။

မိုလန်သည် သစ်လွင်တောက်ပနေသော အဖြူရောင်ရှပ်နှင့် သဘာဝဆန်ဆန် အစိမ်းရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ ခါးအထိရှည်သော အနက်ရောင်ဆံပင်ကို သေသပ်စွာဖီးသင်ထားသည်က ခါတိုင်းနှင့်မတူညီသော တည်ငြိမ်အေးချမ်းနေသော ခံစားချက်မျိုးကို ပေးစွမ်းသည်။

သဘာဝနှင့် စကားပြောခြင်းသည် ဆယ်ကျော်သက်ဘဝထဲသို့ ချဉ်းနှင်းဝင်ရောက်လာသော လူများသည် နေ့တိုင်း အလိုရမ္မက်များကြောင့် ပူပန်နေကြတာ မိမိပတ်ဝန်းကျင်ကို ခဏလောက်သာ ရပ်ကြည့်လိုက်မည်ဆိုပါက သဘာဝတရားသည် မည်မျှပင် တိတ်ဆိတ်စွာ လောကအလှဆင်နေသည်ကို မြင်နိုင်ပေလိမ့်မည်။

လူသားတို့၏ အသွေးအသားကနေ ပေါက်ဖွားလာသောသက်ရှိသည် သဘာဝကို စားသုံးရင်း ရှင်သန်လာပြီးနောက်တွင် သဘာဝတရားကြီးပေါ် လှဲလျောင်းကာ ဘဝကို အဆုံးသတ်ကြရသည်။ မိုလန်သည် အနက်ရောင်မိုက်ကို ကိုင်ကာ သူ၏ပရိတ်သတ်များကို စကားပြောနေလေသည်။

ချန်ကီသည် တီဗီဖန်သားပြင်ကို ကြည့်ကာ စိတ်ထဲ ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ သူ စံအိမ်ထဲမှာ နေ့တိုင်းတွေ့နေသော မိုလန်၏ မျက်လုံးများကဲ့သို့ မီးဟုန်းဟုန်းတောက်နေသည့် ခံစားချက်မျိုးမဟုတ်ပဲ တီဗီဖန်သားပြင်ပေါ်မှ မိုလန်၏ မျက်လုံးများသည် သမုဒ္ဒရာများကဲ့သို့ နက်ရှိုင်းတည်ငြိမ်နေလေသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now