Part (18)

244 27 8
                                    

Unicode

ဒေါက် ဒေါက် ဒေါက်

ညသန်းခေါင်အချိန်တွင် ခပ်တိုးတိုးပေါ်လာသော တံခါးခေါက်သံကြောင့် ချန်ကီ နိုးလာလေသည်။ ယနေ့ညတွင် မိုလန်သည် မိုအန်ယိုနှင့်အတူ ခေါင်မိုးထပ်တွင် ပါတီဆင်နွဲနေတာကြောင့် သူ့အား အနားသို့ မလာရန်ပြောထားလေသည်။ စာချုပ်တွင် လက်မှတ်ထိုးထားသော လင်မယားများပင် ဖြစ်လင့်ကစား သူမသည် အထူးတန်းအယ်လ်ဖာ၏ နိုင်လိုမင်းထက်ပြုမှုကို တားဆီးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် တရားမဝင် အမြှောင်ဇနီးသာသာ ပုန်းလျှိုးကွယ်လျှိုးနေကာ အမိန့်ကို နာခံရုံသာ ရှိသည်။

ချန်ကီသည် တံခါးကို အသာဟကာ တံခါးခေါက်နေသော သူကို ကြည့်လိုက်သည်။ မိုလန်သည် ညနေက ဝတ်ဆင်ထားသည့်အတိုင်းပင် လူငယ်ဆန်သော ဝတ်စားဆင်ယင်မှုတို့ဖြင့် ချောမောနေဆဲဖြစ်သည်။သို့သော် သူမ၏ မျက်ဝန်းများက ငိုက်မြည်းနေလေသည်။ မျက်ခုံးများက ကျုံ့နေကာ စိတ်အခြေအနေမကောင်းပုံရသည်။

" ရှင် တစ်ခုခု လိုအပ်လို့လား ? " ချန်ကီက မေးလိုက်သည်။

မိုလန်က မည်သည့်ကိုမှ မပြောဘဲ ချန်ကီ၏အခန်းထဲသို့  တွန်းဝင်လာသည်။ အနားသို့ ကပ်လိုက်သည်နှင့် မွှန်နေသော အယ်လ်ကိုဟောအနံ့ကြောင့် ချန်ကီ နှာခေါင်းရှုံ့လိုက်သည်။ မိုလန်သည် အသိစိတ်ရှိနေသည်လား မရှိနေလားတော့ မသိပေမဲ့လည်း သူမသည် ချန်ကီအိပ်ထားသော ကုတင်ပေါ်သို့ တွားသွားကာ ခေါင်းအုံးပေါ်သို့ မျက်နှာအပ်ကာ မှောက်အိပ်နေလေသည်။

တစ်ခုခုကို အသည်းအသန်ရှုရှိုက်နေပုံရပြီး အသက်ပြင်းပြင်းရှုနေပြီးနောက် မိုလန်က အိပ်ယာပေါ် လူးလွန့်နေလေသည်။အထူးသဖြင့် မိုလန်၏ ဖယ်ရိုမုန်းများက အလွန်အမင်းကို မတည်မငြိမ်ဖြစ်နေပုံရသည်။  

ချန်ကီသည် မိုလန်၏ထိုသို့သော ပုံရိပ်ကို အထူးအဆန်းဖြစ်နေပြီး သူမသည် ကုတင်ဘေးတွင် ထိုင်ကာ ဖယ်ရိုမုန်းများကို အနည်းငယ်ထုတ်လွှတ်ပေးလိုက်သည်။ ထိုအခါတွင် မိုလန်သည် သူမအနားသို့ လူးလိမ့်လာလေသည်။ ချန်ကီ၏ ထူထူထဲထဲ ခါးတုတ်တုတ်ကို ဖက်တွယ်လိုက်ပြီး ချန်ကီ၏ ဗိုက်ဆီ မျက်နှာအပ်ကာ ပွတ်သပ်နေတာကြောင့် ချန်ကီသည် ကျောက်ရုပ်သဖွယ် တောင့်နေလေသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now