Part(5): Unicode

262 28 0
                                    

     " နိုးလာပါပြီလား ? ရေသောက်ပါဦးမလား ? "

ဂုတ်ပိုးမှ ဆစ်ခနဲ နာကျင်မှုနှင့်အတူ နိုးထလာသော ချန်ကီသည် မှုန်ဝါးနေသော မျက်စိကို လက်နှင့်ပွတ်လိုက်ပြီးတော့ သူမက မေးသူကို ကြည့်လိုက်သည်။ အိမ်တော်ထိန်းရှန်နန်သည် သူမဘေးတွင် ရပ်ကာ မေးနေသည်ကို တွေ့လိုက်သည်။ ‌ချန်ကီသည် ကုတင်ပေါ်တွင် အားပြုထိုင်လိုက်ပြီးတော့ အိမ်တော်ထိန်းအား မေးလာသည်။

"ကျွန်မ အိမ်ကို ဘယ်လို ပြန်ရောက်လာခဲ့သလဲ ? "

" ကုမ္ပဏီမှာ မူးလဲတယ်ဆိုလို့ ဝန်ထမ်းတစ်ယောက်က ကူညီလာပို့ပေးတယ် ပြောပါတယ် "

" မူးလဲတာ " ချန်ကီသည် သူမ၏ လည်ပင်းအနောက်က ဂလင်းနေရာကို ထိတွေ့လိုက်ရင်း ပြန်တွေးကြည့်မိသည်။
...............
     အိုမီဂါ၏ သွေးဆောင်ဖယ်ရိုမုန်းကြောင့် ရုန်းကြွနေကြသော အယ်လ်ဖာများ၏ ကြောက်မက်ဖွယ် သောင်းကျန်းမှုများ ပြည့်နှက်နေသော ဓာတ်ခွဲခန်းအတွင်းတွင် အယ်လ်ဖာတို့၏ ရန်လိုခြင်းပြင်းထန်နေသော ဖယ်ရိုမုန်းများကလည်း လေထုထဲပြန့်ကျဲနေလေသည်။ ဓာတ်ခွဲခန်းအတွင်း အသုံးပြုနေသော ပစ္စည်းများ ကျစင်ကွဲအက်မှုကြောင့် မီးခိုးငွေ့များ၊ မီးတောက်များဖြစ်လျက် ရုတ်ရုတ်သဲသဲဖြစ်နေလေသည်။ တောရိုင်းသတ္တဝါများနှယ် သောင်းကျန်းနေကြသော အယ်လ်ဖာများနှင့် လုံးထွေးတားမြစ်နေကြသော ဘီတာများကိုကြည့်ရသည်ကိုလည်း အားမတန်သော ပြိုင်ပွဲတစ်ခုအလားဖြစ်သည်။

  ဓာတ်ခွဲခန်းဖြစ်သည့်အ‌လျောက် လူမှုနေရာများနှင့် ဝေးကွာသည့် မြေအောက်ခန်းတွင် ဖြစ်တာကြောင့် အကူညီ‌တောင်းအသိပေးထားသည့်တိုင် ကယ်ဆယ်ရေးအဖွဲ့များက ရောက်လာရန် နှောင့်နှေးလျက်ရှိသည်။

"မလာပါနဲ့........ကျေးဇူးပြု.....ပြုပြီး.... ဝေးဝေးသွားပါ "

Copulin ရနံ့များ ရောထွေးနေ‌သောဓာတ်ခွဲခန်းထဲဝယ် ဖယ်ရိုမုန်း‌ေကြာင့် တုန်ရီနေကာ ကြောက်လန့်နေသော  သူမသည် အားနည်းစွာ တောင်းပန်ဆုတ်နေရလေသည်။

ကလစ် !

ချန်ကီမှီထားသော တံခါးက ဓာတ်ခွဲခန်းကို တစ်စုံတစ်ယောက်က ဆွဲဖွင့်လိုက်သည်။ပြင်ပမှ ဝင်လာသော လေအေးအေးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွက်သွားသကဲ့သို့ပင် အေးစိမ့်သွားလေသည်။တံခါးကို အမှီပြုကာ ထိုင်နေတာကြောင့် ချန်ကီက  ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။  သေသပ်စွာ ချုပ်လုပ်ထားသော အကောင်းစားဘောင်းဘီနှင့် လိုက်ဖက်သည့် ရှည်လျားဖြောင့်တန်းသော  ခြေတံရှည်များကို တွေ့လိုက်ရပြီးနောက် ချန်ကီ ထိုသူ၏ မျက်နှာကို မော့ကြည့်လိုက်သည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now