Part(3): Unicode

295 35 3
                                    

      ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူမ အသက် ၂၄ ပြည့်ပြီးနောက်ပိုင်း ၂ လအတွင်း ဖြစ်ပျက်ခဲ့ချည်းသာ ဖြစ်၏။ သူမ၏ မမျှော်လင့်ထားသော လက်ထပ်မှုကို သူမသည် တစ်နည်းအားဖြင့် ဖြည့်တွေးရမည်ဆိုလျှင် သူမသည် အသက် ၂၅ အထိ အမှတ်အသားမရှိပါက နိုင်ငံတော်မှ စီစဉ်ပေးသော လက်ထပ်ထိမ်းမြားခြင်းကို ပြုရတော့မည်ဖြစ်ပေသည်။

    အိုမီဂါများသည် အရွယ်စရောက်သည့်အချိန်မှ စ၍ အသက် ၂၅ နှစ်အတွင်း လက်ထပ်ထိမ်းမြားမှုကို ပြုကိုပြုရမည်ဖြစ်သည်။ အိုမီဂါများ၏ Heat ကာလအတွက် နိုင်ငံတော်က ကာကွယ်ပေးထားနိုင်သည့်ကာလသည် ထိုကာလအတွင်း၌သာ အကျုံးဝင်သည်။ အမှတ်အသားမရှိသည့် အိုမီဂါများကို  ဗဟိုလူမှုကာကွယ်ရေးဌာနမှ Heat ကာလအတွင်း အနားယူနိုင်ရန်အတွက် ဌာနများဖွဲ့စည်းထားသည်။ OCEP( Omega Center for Estrus Period ) ဌာနတွင် Heat ကာလသို့ ရောက်နေသော အိုမီဂါများကို ကာကွယ်ပေးရန် တည်ဆောက်ထားရှိပြီး သူတို့သည် Estrus ကာလသို့ ရောက်ခါနီးနေသော အိုမီဂါများကို လက်ထပ်မှတ်ပုံတင်မရှိသေးခင်အထိ ထို‌အပိုင်းအခြားတွင် နေခွင့်ပြုသည်။ ထိုဌာနများထားရှိခြင်းသည် အိုမီဂါများအား လက်လွတ်စပယ် အမှတ်အသားပေးခံရခြင်းမှ ကာကွယ်ရန်နှင့် တရားမဝင်တားဆေးများကြောင့် အိုမီဂါများ၏ သန္ဓေပျက်ဆီးမှုများကို လျှော့ချရန်ဖြစ်သည်။

    ပုံမှန်အားဖြင့် အယ်လ်ဖာများသည် အရွယ်ရောက်စ၌ ကြင်ဖက်ကို လိုက်ရှာတတ်သောကြောင့် သူတို့သည် အားနည်းသော အိုမီဂါများကို အနိုင်ကျင့်မှုများ မကြာခဏဖြစ်ပြီးနောက် ဗဟိုလူမှုကာကွယ်ရေးက ထိုကိစ္စကို ပြင်းထန်စွာ အရေးယူလာတော့သည်။ ဘီတာများသည်သာ အမှတ်အသားပေးခြင်းနှင့် ပေးခံရခြင်းမရှိနိုင်သည့်အတွက် မည်သည့်အကာအကွယ်မှ မရရှိကြပေ။ ထို့ကြောင့် ချန်ကီထံတွင်လည်း ကာကွယ်ရမည့် နည်းလမ်းများကို သိနှင့်နေခြင်း မရှိပေ။

    ချန်ကီသည် အသက် ၂၄ နှစ်အထိ ဘီတာကဲ့သို့နေထိုင်ခဲ့ခြင်းကြောင့် သူမအတွက် ထိုစင်တာများသည် အသုံးမဝင်ခဲ့ချေ။ သူမသည် ထိုစင်တာများကို တစ်ကြိမ်တစ်ခါမှ မရောက်ဖူးတာကြောင့် အိုမီဂါနှင့်ပတ်သက်သော အသိပညာများလည်းမရှိတာကြောင့် ပထမဆုံး Estrus ကာလသို့ ရောက်သောအခါတွင် မိုလန်၏ အမှတ်အသားပေးခြင်းကို ခံလိုက်ရသည်။  သူ၏ သူငယ်ချင်းများဖြစ်သော ဆွန်ယာနှင့်လီဂရင်းက ဘီတာနှင့်အယ်လ်ဖာများဖြစ်နေခြင်းက သူမကို အိုမီဂါသဘာဝနှင့် ပိုမိုဝေး‌ကွာစေခဲ့သည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now