11

296 71 0
                                    

#Unicode
အခန်း(၁၁)
ဘက်စုံထူးချွန်သူ
<<<<<

ချင်ကျိုးနှင့် ယန်းရှီးယွီတို့က ရှုပ်ယှက်ခတ်နေသော အကကြမ်းပြင်ကိုဖြတ်၍ လျှို့ဝှက်လမ်းမှတစ်ဆင့် ဘားတစ်ခုလုံးတွင် အခမ်းနားဆုံးဖြစ်သော VIP ဧရိယာကို ရောက်သွားကြသည်။

VIPဧရိယာတွင် ကိုယ်ပိုင်အခန်း အကြီး၊ အသေး မျိုးစုံအောင်ရှိနေသည်။ သေးငယ်သောအခန်းတစ်ခုတွင် လူဆယ်ယောက်လောက်သာ စုဝေးနိုင်ပြီး တွေ့ဆုံပွဲအသေးစားလောက်သာ လုပ်နိုင်သော်လည်း ကြီးမားသောအခန်းတွင် ကော့တေးပါတီလုပ်ရန်အတွက်ပင် ပြဿနာမရှိဘဲ နေရာအတော်ကျယ်ကျယ်ဝန်းဝန်းရှိလေသည်။

လောင်းကစားရုံအတုကို အကြီးဆုံးသော ကိုယ်ပိုင်အခန်းတွင် ပြုလုပ်ထားပြီး လောင်းကစား စားပွဲရှစ်ခုနှင့် လူအယောက်ရာကျော် အတူစုဝေးနိုင်လောက်အောင် ကျယ်ဝန်းနေသည်။

လေးလံလှသော အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ကျယ်လောင်လှသောအသံများနှင့်အတူ ဆေးလိပ်ငွေ့များဖြင့် လာရောက်မိတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ချင်ကျိုးက ယန်းရှီးယွီမကြိုက်သော ဆေးလိပ်ငွေ့များကို အနံ့ပျောက်အောင် လက်ဖြင့် ရမ်းခါလိုက်ပြီး အခန်းထဲရှိ အခြေအနေကို ကြည့်လိုက်သည်။ တံခါးနားတွင် စောင့်ကြည့်နေသော ကောင်လေးတစ်ယောက်ကို သူမေးလိုက်သည်။
"ဝမ်တရုန် ဘယ်မှာလဲ?"

"သူရောက်လာလာချင်းကို ပိုက်ဆံတွေအကုန် ကုန်သွားခဲ့တယ်လေ..."
ထိုကောင်လေးက ဖြေလိုက်သည်။
"သူက တခြားသူတွေကို ပိုက်ဆံထောင်ချီ အကြွေးတင်နေပြီး အခုလက်ရှိမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေနဲ့အတူ အပြင်မှာ ပိုက်ဆံသွားလဲနေတယ် ..."

ထိုကောင်လေးက အနားနားတွင် ချင်ကျိုး မရှိနေ၍ အလျှင်စလို မလုပ်ဆောင်ရဲဘဲ ဝမ်တရုန်ကို စောင့်ကြည့်ရုံသာ လုပ်နေခဲ့သည်။

ချင်ကျိုး ခေါင်းငြိမ့်လိုက်သည်။ ဝမ်တရုန်က အခြားသူများထံတွင် အကြွေးတင်နေပြီဖြစ်လေရာ သူ့ကိုစောင့်ကြည့်နေသည့် သူများရှိနေပါက အံ့ဩစရာမဟုတ်တော့သလို သံသယဝင်စရာလည်း မရှိတော့ပေ။ သို့သော်လည်း သူ့ကို အပြင်တွင် လိုက်ဖမ်းရန် အဆင်မပြေ၍ လောင်းကစားလာလုပ်သည်အထိ စောင့်နေရမည်ဖြစ်သည်။

Blank Charge (Myanmar Translation)Where stories live. Discover now