19

379 63 12
                                    

#Unicode
အခန်း(၁၉)
စာသင်ပေးတမ်းကစားနည်း
<<<<<

"လခွမ်းလိုပဲ... ငါ့ဘဝမှာ ဒီလောက်အထိ တစ်ခါမှ နောင်တမရဖူးဘူး...."

ဆူညံပွက်လောရိုက်နေသည့် ကိုယ်ပိုင်အခန်းတစ်ခုတွင် ညီအစ်ကိုများက တက်ကြွစွာ စကားပြောဆိုနေကြသော်လည်း ချင်ကျိုးတစ်ယောက် စိတ်လွတ်နေမိသည်။

မတိုင်ခင်က ယန်းရှီးယွီသူ့အနားကပ်လာခဲ့ချိန်တွင် လက်ဦးမှုအရယူ၍ နမ်းလိုက်သင့်သည်ဖြစ်ပြီး နှုတ်ခမ်းသားများကိုပါ ကိုက်ပစ်လိုက်ကာ သူ့ကိုငကြောက်ဟု ခေါ်ရဲသေးမလား ကြည့်လိုက်ရမည်ဖြစ်သည်။

ချင်ကျိုး ခက်ထန်လှသော မျက်နှာထားဖြင့် သူ့လက်ထဲမှ ဖန်ခွက်ကို ဆောင့်ချလိုက်၍ သူ့ဘေးနားတွင်ထိုင်နေသော လူချောလေးကို ကြောက်လန့်သွားစေခဲ့ပြီး တစ်ဖက်လူက ပခုံးလေး ကြုံ့ပြီး မေးလာတော့သည်။
"ချင်ကော... ဘာဖြစ်လို့လဲဟင်?"

"ဘာမှမဟုတ်ပါဘူး ဘေဘီရဲ့..."
ချင်ကျိုးက ထိုလူငယ်လေး၏ ခါးကိုဖက်လိုက်ပြီး ယန်းရှီးယွီအကြောင်း ဆက်မစဉ်းစားတော့ဘဲ လျှိုယုံချန်တစ်ယောက် ဤနယ်ပယ်အတွင် ကြုံတွေ့ခဲ့ရသည့် ဇာတ်လမ်းအဖြစ်အပျက်များပြောပြနေသည်ကို ဆက်နားထောင်လိုက်သည်။

ခဏအကြာတွင် လျှိုယုံချန် စကားဆက်မပြောတော့ဘဲ ရပ်သွားခဲ့သည်။

ချင်ကျိုးက စိတ်လွတ်နေခဲ့သည့်အချိန်အတွင်းတွင်လည်း အတော်လေးနားထောင်ဖြစ်ခဲ့သည်။ ထို့ကြောင့် မေးခွန်းတစ်ခု အလိုက်သင့်မေးလိုက်သည်။
"ဒါဆို အဲ့ဒီ့ စိတ်ထားမမှန်တဲ့ ညီအစ်ကိုက ထောင်ထဲရောက်သွားခဲ့တယ်ပေါ့?"

"သူက ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့တာ... သူဘယ်အချိန်မှလွတ်မယ်ဆိုတာ မသေချာဘူး..."
လျိုယုံချန်က သူ့လက်ထဲတွင်ရှိနေသော ဆေးလိပ်ကို ပြာများ ခါချလိုက်သည်။
"သူက မင်းမိဘတွေရဲ့ မတော်တဆမှုနဲ့ ဆက်စပ်နေလို့လား?"

ထို စိတ်ထားမမှန်သည့် ညီအစ်ကိုကသာ ဝမ်ဟယ့်ထိုက်၏ လက်မရွံ့နောက်လိုက်တစ်ယောက်ဖြစ်နေခဲ့လျှင် အဖြစ်အပျက်များအားလုံးက အချိတ်အဆက်မိ၍ ပြီးပြည့်စုံသွားမည်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Feb 24 ⏰

Add this story to your Library to get notified about new parts!

Blank Charge (Myanmar Translation)Where stories live. Discover now