8

324 65 2
                                    

#Unicode

အခန်း(၈)
ဘာလို့အဲ့လောက်တောင် ကြိုက်ချင်စရာမကောင်းနေရတာလဲ?
<<<<<

ချင်ကျိုးက ယန်းရှီးယွီပြောသည့်စကားများတွင် တစ်ခွန်းတည်းသော စကားကိုယုံပေသည်။ ထိုစကားတစ်ခွန်းသည်ကား — "ငါအလုပ်ရှုပ်နေတယ်" ဟူသောစကားပင်။

တရားသူကြီးတစ်ယောက်၏ အလုပ်မှာ အလွန်အမင်း ခက်ခဲပင်ပန်းလွန်းလှသည်။ တရားသူကြီးများက တစ်နှစ်လျှင် အမှုရာပေါင်းများစွာ ကိုင်တွယ်ရပြီး တစ်ခါတစ်ရံတွင် အလွန်အမင်းအလုပ်များလှ၍ စီရင်ချက်ကို ချရေးရန်ပင် အချိန်မရှိကြပေ။

သို့သော်လည်း ယန်းရှီးယွီက  ထိုကဲ့သို့ အလုပ်ရှုပ်နေသည်ကိုပင် အချိန်ရအောင်ဖဲ့ထုတ်ပြီး လျှို့ဝှက်စုံစမ်းရေး လုပ်ခဲ့သည်ဖြစ်လေရာ အဆိုပါအမှုအတွက် အတော်လေး အလေးထားကြောင်း သက်သေပြနေသည်။

ချင်ကျိုး အတွေးလွန်နေသည်ဟူသော တစ်ဖက်လူ၏မှတ်ချက်ကို သူလုံးဝမယုံပါချေ။

သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းစဉ် အခါကတည်းက ယန်းရှီးယွီက ကိစ္စအတော်များများကို အမှန်အတိုင်းပြောလေ့မရှိချေ။

ထိုအကျင့်က ဖုန်းချပစ်သည့်အကျင့်နှင့် ဆင်တူနေပေသည်။ ချင်ကျိုး၏ မျက်လုံးထဲတွင် ထိုအကျင့်များအားလုံးမှာ အတော်လေး ကြိုက်နှစ်သက်ချင်စရာမကောင်းလှပေ။

ဟိုးယခင်ကတည်းက ယန်းရှီးယွီက သူ၏ငွေရေးကြေးရေးအဆင်မပြေမှု သို့မဟုတ် ကျူရှင်ကြေးမလုံလောက်မှုကဲ့သို့သော ကိစ္စမျိုးကို ဘယ်သောအခါမှ ပြောပြလေ့မရှိပေ။

အစက ချင်ကျိုးက ထိုအရာမျိုးကို ပြောပြခြင်းမှာ ယန်းရှီးယွီ၏ မာနကိုထိခိုက်စေလောက်သည်ဟုထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့မဟုတ်ကြောင်း သိခဲ့လိုက်ရသည်။ ယန်းရှီးယွီက သူ၏ကိုယ်ပိုင်အရေးကိစ္စများကို အခြားလူများ ဝင်ရောက်နှောင့်ယှက်သည်ကို သဘောမကျရုံသာဖြစ်နေလေသည်။

သို့သော်လည်း ချင်ကျိုးက ယန်းရှီးယွီ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စပ်စုရခြင်းကို သဘောကျပေသည်။

Blank Charge (Myanmar Translation)Where stories live. Discover now