5

387 65 1
                                    

#Unicode
အခန်း(၅)
ငါငြင်းဆိုတယ်
<<<<<

တရားသူကြီးတစ်ယောက်ဖြစ်ရခြင်းမှာ အမှန်တကယ်ပင် မလွယ်ကူသည့်အလုပ်ဖြစ်သည်။

မြို့တစ်မြို့မှ လူဆိုးဂိုဏ်းတစ်ခုနှင့် သက်ဆိုင်သည့် အမှုကို ကိုင်တွယ်နေသည့် တရားသူကြီးမှာ လတ်တလောလေးတင်မှ နေအိမ်၌ပင် တိုက်ခိုက်ခံပြီး အသတ်ခံခဲ့ရကြောင်း သတင်းတစ်ခုကို ချင်ကျိုးဖတ်လိုက်ရသည်။ ချင်ကျိုးအဖေ၏ မတော်တဆမှုကိုထည့်တွက်လိုက်မည်ဆိုလျှင်လည်း တရားသူကြီးတစ်ယောက်တွင် လုပ်ကြံခံနိုင်ရမှုနှုန်း အတော်လေးများကြောင်း သိနိုင်သည်။

သို့သော်လည်း အန္တရာယ်များသည်မှာ တရားသူကြီးအလုပ်တစ်ခုတည်းသာမဟုတ်ပေ။ ဆရာဝန်များတွင်လည်း ဆေးဘက်ဆိုင်ရာမသာမမှုကို ခံရနိုင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းတိုင်းတွင် အကျိုးအပြစ်များရှိကြပေသည်။

အကယ်၍ ချင်ကျိုးသာရွေးချယ်နိုင်မည်ဆိုလျှင် ထိုအကျိုးအပြစ်များကိုရင်ဝယ်ပိုက်ရင်း သူလုပ်ချင်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို တစ်စိုက်မတ်မတ်လုပ်ပစ်မည်ဖြစ်သည်။

အချိန်အတော်ကြာကုန်ဆုံးသွားပြီးနောက်တွင် အဆောက်အဦးဟောင်းကြီးက ထပ်မံတိတ်ဆိတ်သွားခဲ့သည်။

ကော်ရစ်တာမှ မီးလုံးများက အာရုံခံနိုင်မှုမမြင့်မားပေ။ နှစ်ယောက်သား လှေကားဆီသို့သွားချိန်တွင် သူတို့၏ခြေလှမ်းများက အလွန်အမင်းကျယ်လောင်ခြင်းမရှိသလို အလွန်တိုးတိတ်ခြင်းလည်းမရှိသော်လည်း မီးလုံးတစ်ခုမှ ပွင့်လာခြင်းမရှိပေ။

ယန်းရှီးယွီက နောက်လှည့်မကြည့်စတမ်း ရှေ့မှဦးဆောင်၍သွားနေပြီး ချင်ကျိုးကို ကိုယ်ပျောက်နေသလိုဆက်ဆံထားသည်။ ချင်ကျိုးကလည်း ဂရုမစိုက်ပါချေ။ သူ့လက်များကို ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ပြီး ယန်းရှီးယွီနောက်မှ ပျင်းတိပျင်းတွဲလိုက်လာရင်း ပုံမှန်လိုစကားပြောနေလိုက်သည်။
"ဟေး... ယန်းရှီးယွီ..."

နောက်ဆုံးတွင် ကော်ရစ်တာမှ မီးလုံးများက ပွင့်လာပြီး ယန်းရှီးယွီခြေထောက်အောက်ရှိ လျှောက်လမ်းကို အလင်းရောင်ပေးလာတော့သည်။

Blank Charge (Myanmar Translation)Where stories live. Discover now