13

323 71 11
                                    

#Unicode
အခန်း(၁၃)
ကျွန်တော် လမ်းခွဲခံလိုက်ရပြီ
<<<<<

ချင်ကျိုးက အခြားသူများ သူ့ခေါင်းကို ထိတွေ့ခြင်းကို မကြိုက်ချေ။

၎င်းက အမျိုးသားတစ်ယောက်၏ ဂုဏ်သိက္ခာအတွက် အရေးပါသည်လားတော့မသိ တစ်ယောက်ယောက်က သူ့ခေါင်းကို ထိတွေ့ခြင်းက အလွန်ရှက်ဖွယ်ကောင်းသည်ဟု အမြဲတမ်းခံစားရသည်။

သူ၏ အတန်းဖော်တစ်ယောက်က သူ့ခေါင်းကို လာထိခဲ့လျှင် ထိုသူများကို အနောက်မှလိုက်ဖမ်းရလျှင်ပင် သေချာပေါက် ပြန်လည်ပေးဆပ်ခိုင်းမည်ဖြစ်သည်။ ထို့နောက်တွင် ထိုသူများ၏ခေါင်းကို ပြန်လည်ထိတွေ့ကာ ထပ်တူတပ်မျှခံစားခိုင်းပြီး အကြွေးကြေအောင်လုပ်မည်ဖြစ်သည်။

သို့သော်လည်း သူကျောင်းသားဘဝတွင် ယန်းရှီးယွီက သူ၏ ခေါင်းကို ပထမဆုံးအကြိမ်ထိလိုက်ချိန်တွင် ချင်ကျိုးတစ်ယောက် လက်ထဲတွင်ရှိသော ဖတ်စာကိုသာ တွေတွေကြီးငေးနေမိခဲ့ပြီး သူ့နားရွက်များ နီရဲသွားခဲ့သည်ကိုပင် သတိမိထားမိခဲ့ပေ။

ထိုအချိန်က ချင်ကျိုးက အထက်တန်းဒုတိယနှစ်ဖြစ်ပြီး ခက်ခဲလှသည့် အိမ်စာ တစ်ပုဒ်ကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ခဲ့၍ ဖြစ်နိုင်သည်။ ယန်းရှီးယွီက သူ့ကို ဂုဏ်ပြုပေးသည့်အနေဖြင့် သူ့ခေါင်းကို အသာအယာပွတ်သပ်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် ခေါင်းပွတ်ပေးခြင်းမှာ "ငါပြောတာ နားထောင်"အပြင် သူတို့ကြားတွင် ဖြစ်တည်လာခဲ့သော နောက်ထပ် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ချင်ကျိုး ကောင်းကောင်းမွန်မွန်ပြုမူပြီး ယန်းရှီးယွီ၏ လမ်းညွှန်ချက်များအတိုင်း စာသေချာလေ့လာခဲ့လျှင် ယန်းရှီးယွီက အလေ့အကျင့်အရ ချင်ကျိုး၏ခေါင်းကို ပွတ်သပ်ပေးမည်ဖြစ်သည်။

ချင်ကျိုးက ထိုအထူးအခွင့်အရေးကို ယန်းရှီးယွီကိုသာပေးကြောင်း မည်သူမျှမသိပေ။ သူ့မိဘများကိုပင် သူ့ခေါင်းကို ထိတွေ့ခွင့်မပြုချေ။

ချင်ကျိုး ဘေ့စ်ဘောဦးထုပ်ကို အိမ်ခန်းထဲတွင် ချိတ်ထားလိုက်ပြီးနောက်တွင် ဦးထုပ်၏အဖျားပိုင်းကို လက်ညှိုးဖျားလေးဖြင့် ပွတ်သပ်လိုက်ပြီး စိတ်ဓာတ်ကျနေသော လေသံဖြင့် ဦးထုပ်ကို မေးလိုက်သည်။
"သူ တကယ် ဘာတွေ တွေးနေလဲဆိုတာ မင်းသိလား?"

Blank Charge (Myanmar Translation)Where stories live. Discover now