2

502 85 7
                                    

#Unicode
အခန်း(၂)
တရားခွင်ကြားနာနေသည်
<<<<<

ချင်ကျိုး၏မိဘများ မတော်တဆမှုဖြစ်ချိန်သည် ချင်ကျိုး တက္ကသိုလ်ဝင်ခွင်စာမေးပွဲကိုဖြေဆိုနေသည့်ရက် ဖြစ်သည်။

ဝန်ပိုများစွာတင်ဆောင်ထားသော ကုန်တင်ကားတစ်စီးက ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ချင်ကျိုး၏အဖေ မောင်းနှင်နေသောကားကို ဝင်တိုက်ပြီး ကားကို တစ်စစီပျက်စီးသွားစေခဲ့သည်။ ချင်ဝေ့နှင့် သူ၏ဇနီးက နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။ ကုန်တင်ကားမောင်းသူက သူ၏အိတ်ကပ်ပင် ပြောင်သလင်းခါသွားအောင် လျော်ကြေးများပေးခဲ့သော်လည်း မတော်တဆဖြစ်စေမှုကြောင့် ထောင်ခြောက်နှစ်ကျခဲ့သည်။

ပုံမှန်အတိုင်းဆိုပါက သာမန်မတော်တဆမှုနှင့် တူနေ၍ ထိုမတော်တဆမှုနောက်တွင် ဆန်းကြယ်သော ဇာတ်လမ်းတစ်ပုဒ်ရှိနေမည်ဟု ချင်ကျိုးမတွေးခဲ့ဖူးပေ။

ရက်တွက်ကြည့်ပါက ရန်ဝမ်လီပြောသော ကုန်တင်ကားမောင်းသူ ဝမ်တရုန်မှာ ထောင်မှလွှတ်သည်မှာ အတော်ကြာလောက်ပေပြီ။

ချင်ကျိုးအတွက်ကရော?

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အဓိကဘာသာရပ်ကြီးနှစ်ခုကို လက်လွှတ်ခဲ့ရပြီး သူ၏အိပ်မက်ဖြစ်သည့် နိုင်ငံရေးနှင့် ဥပဒေရေးရာ တက္ကသိုလ်ကို တက်ခွင့်မရခဲ့သည့်အပြင် သာမန်တက္ကသိုလ်တစ်ခုကိုပင် ဝင်ခွင့်မရခဲ့ပေ။

ခက်ခက်ခဲခဲဖြင့် သူ့ကိုယ်သူပြန်လည် အဖက်ဆယ်ယူပြီးနောက်တွင် နောက်နှစ်တွင် စာမေးပွဲပြန်ဖြေရန်ပြင်ခဲ့သည်။ သို့သော်လည်း သူ့အပေါ်အမြဲလိုလိုနူးညံ့ငြင်သာပြီး စိတ်ရှည်သည်းခံပေးခဲ့သော ယန်းရှီးယွီကို သူ့အတွက် ကျူတာလုပ်ပေးပါရန် ချဉ်းကပ်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကို စိတ်မဝင်စားသောပုံစံဖြင့် မေးခွန်းတစ်ခုမေးခဲ့လေသည်။
"မင်းဘာလို့ ဒီတက္ကသိုလ်ကို အသည်းအသန်တက်ချင်နေရတာလဲ?"

သူ့မိသားစု၏လွှမ်းမိုးမှုအပြင် ချင်ကျိုး အဆိုပါ နိုင်ငံရေးနှင့် ဥပဒေရေးရာတက္ကသိုလ်ကို တက်ချင်ရသည့်အကြောင်းပြချက်မှာ ယန်းရှီးယွီကလည်း ထိုတက္ကသိုလ်ကို တက်နေသောကြောင့်ဖြစ်သည်။

Blank Charge (Myanmar Translation)Where stories live. Discover now