7

319 69 0
                                    

#Unicode
အခန်း(၇)
စကားအခြေအတင်
<<<<<

ချင်ကျိုး ချက်ချင်းပြန်မဖြေလိုက်ဘဲ ဓာတ်ပုံကိုကြည့်နေဟန်ဆောင်လိုက်ကာ စဉ်းစားတွေးတောရန် သူ့ကိုယ်သူအတွက် အချိန်ယူနေလိုက်သည်။

ယန်းရှီးယွီက သတိတကြီးဖြင့် ဘေ့စ်ဘောဦးထုပ်ကိုဆောင်းထား၍ လုံခြုံရေးကင်မရာပေါ်တွင် သူ့မျက်နှာလုံးဝပေါ်မလာခဲ့ပေ။ သူ့ကားကို ချောင်ကျသည့်လမ်းတွင် ရပ်ထားခဲ့ပြီး သူရောက်လာခဲ့ပါသည်ဟူသော သက်သေမကျန်ခဲ့စေရန် သေချာစီစဉ်ခဲ့သည်။

ရဲများဘက်မှကြည့်လျှင် ရဲများက ယန်းရှီးယွီအကြောင်း လုံးဝမသိနိုင်သည့် ဖြစ်နိုင်ချေများသည်။ ချင်ကျိုးကသာ သူနှင့် ချိတ်ဆက်နေသည့် တစ်ခုတည်းသော သက်သေဖြစ်နေသည်။

သူက ဘယ်လိုလုပ်ပြီး ချိတ်ဆက်နေတဲ့ တစ်ခုတည်းသော သက်သေဖြစ်သွားရတာလဲ?

ချင်ကျိုး ခဏကြာကြည့်ပြီးနောက်တွင် ဓာတ်ပုံကိုအောက်ပြန်ချပြီး ရန်ဝမ်လီကိုကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
"ငါ သူ့ကိုမသိဘူး..."

"သေချာရဲ့လား?"
ရန်ဝမ်လီက ချင်ကျိုး၏စကားကို အပြည့်အဝမယုံကြည်ဟန်ဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"ရှင်တို့ကြည့်ရတာ အတော်လေးနီးကပ်နေပုံပါပဲ..."

"ငါတို့တွေ နီးကပ်နေတယ်ဆိုတာနဲ့ အချင်းချင်းသိကြတယ်လို့ မဆိုလိုဘူးမဟုတ်လား?"

သူတို့နှစ်ယောက် အဆောက်အဦးထဲမှ ထွက်လာချိန်တွင် ယန်းရှီးယွီက သူ့ကို စကားတစ်လုံးမှမပြောဘဲ ရှေ့ကဦးဆောင်၍ လမ်းလျှောက်နေခဲ့သည်ကို ဝေဝေဝါးဝါးမှတ်မိနေသည်။

သူတို့နှစ်ယောက်လုံး ကားထဲသို့ ဝင်ခဲ့လိုက်သည့်နေရာတွင် လုံခြုံရေးကင်မရာတစ်လုံးမှရှိနေမည်မဟုတ်ကြောင်း ချင်ကျိုး ယုံကြည်ချက်အပြည့်ရှိနေသည်။ ရဲများက လိုင်စင်နံပါတ်ကိုသိခဲ့ပြီးပြီဆိုပါက ယန်းရှီးယွီဖြစ်နေမှန်း အတည်ပြုပြီးသားဖြစ်၍ သူ့ကို ယခုလိုမေးခွန်းများ မေးကြမည်မဟုတ်ပေ။

ရန်ဝမ်လီက အပြည့်အဝမယုံကြည်သေးဘဲ ချင်ကျိုး၏စိတ်ကို အတိအကျသိနိုင်ရန် ကြိုးစားနေသည်။ ခဏအကြာတွင် မည်သည့် ယိုပေါက်မှရှိမနေ၍ နောက်ထပ် အရေးပါသည့်မေးခွန်းတစ်ခုကို ထပ်မေးလာသည်။
"မနေ့ညက ဘယ်အချိန်အိမ်ပြန်ရောက်ခဲ့လဲ?'

Blank Charge (Myanmar Translation)Where stories live. Discover now