Description

5K 209 6
                                    

#Unicode
Description

ချင်ကျိုးဆိုသူမှာ မည်သူမှရန်စ၍မရသည့်လူမျိုးပင်။ သူ့တွင် လက်သီးချက်ပြင်းပြင်းတို့ရှိနေသလို တရားဥပဒေကိုလည်း ကျင်လည်စွာနားလည်သည့်လူလည်းဖြစ်နေသည်။ သူ့နယ်မြေတစ်ဝိုက်တွင်ရှိသော လူမိုက်များက သူ့ကိုအစ်ကိုကျိုးဟုခေါ်ဝေါ်သမုတ်ကြလေသည်။ သို့သော်လည်း ကောင်းကင်ရော မြေကြီးပါမကြောက်သည့် ချင်ကျိုးသည်ကား အမှန်တကယ်၌ တစ်စုံတစ်ယောက်၏ လွှမ်းမိုးမှုကြောင့် လမ်းမှားလျှောက်ခဲ့ရကြောင်း မည်သူမှမသိကြပေ။

ချင်ကျိုးက သူနှင့် ယန်းရှီးယွီတို့၏ တွေ့ဆုံမှုမှာ တရားရုံးတော်ထဲတွင် အချင်းချင်းဖြတ်သွားဖြတ်လာတွေ့ဆုံမှုလောက်ပဲရှိမည်ဟု တွေးထင်ခဲ့မိသည်။ မထင်မှတ်ထားစွာဖြင့် တစ်နေ့တွင် သူ ကားပြင်နေချိန်၌ ယန်းရှီးယွီက သူ့ကိုယ်သူနှိမ်ချပြီး သူ၏ပိုင်နက်ထဲရောက်လာကာ စကားလာပြောခဲ့သည်။
"ဒီအမှုထဲမှာ ဝင်မပါပါနဲ့..."
ချင်ကျိုးက ကားအောက်မှ လှိမ့်ထွက်လာပြီး ရယ်ကာမောကာပြောလိုက်သည်။
"ရတာပေါ့ တရားသူကြီးမင်းရယ်... ကျွန်တော့်ကို အနမ်းတစ်ပွင့်သာစွန့်ကြဲလိုက်စမ်းပါ ဝင်မပါတော့ဘဲနေမှာပါ..."
ချင်ကျိုးက ယန်းရှီးယွီတစ်ယောက် အရင်ကအတိုင်း တုံဏှိဘာဝေအမူအရာဖြင့် ထွက်သွားမည်ဟုထင်ထားခဲ့သည်။ သို့သော်လည်း ကိစ္စများက သူကြိုတင်ခန့်မှန်းထားသည့်အတိုင်း မဖြစ်လာသည့်အခါတွင်တော့....

*****
တရားသူကြီး×ရှေ့နေ

လူမိုက်အယောင်ဆောင်×ဝတ်စုံပြည့်နဲ့လူရမ်းကား

Topတရားသူကြီး×Bottomရှေ့နေ

နှစ်ယောက်လုံးက ကိုင်တွယ်ရလွယ်သူတွေပါ

Topက တက္ကသိုလ်တက်ရင်း ကျူတာလုပ်ခဲ့ပါတယ်

အသက်သုံးနှစ်ကွာခြားပါတယ်

1V1 ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းပါ

Strong × Strong

ခြုံယူကောက်ချက်ချခြင်း၊ အမှုဖြေရှင်းခြင်း၊ တရားခွင်တွင် စကားစစ်ထိုးခြင်းတို့ပါဝင်ပါတယ်

Bottomက သူ့ကိုယ်သူ Bottomလို့မသိပါဘူး


***
Reviewဖတ်ပြီးတော့ မတရားတွေဘာသာပြန်ချင်တာနဲ့ pickပစ်လိုက်ပါပြီ🛐

Blank Charge (Myanmar Translation)Where stories live. Discover now