Chapter 11

310 78 2
                                    

[Zawgyi]

နဉ်ရှု မေးလိုက်သည် "ရှင်ထွက်သွားမှ ရမှာလား? ရှင်ဘယ်သွားမှာလဲ?" အကောင်း အဆိုး ချင့်ချိန်ပြီးနောက် ကုရွဲ့ထွက်သွားတာ ပိုကောင်းတယ်လို့ သူမခံစားရသည်။

ဒါပေမဲ့ ကုရွဲ့က သူလိုချင်တာရသွားပြီလား?

သူက သူလိုချင်တာ မရသေးပဲ ထွက်သွားချင်နေသည်။

"ငါ လောကအနှံ့ လှည့်လည်သွားတော့မယ်။"ကုရွဲ့က အဝေးကို ကြည့်နေခဲ့သည်။

ကုရွဲ့ကလေနှင့်အတူ ထွက်ခွာသွားတော့မလို သူ့အဝတ်အစားတွေက အနည်းငယ် လွင့်ပျံနေခဲ့သည်။

နဉ်ရှု : → _ →

လောကအနှံ့လှည့်လည်မယ်?

နင် ငါ့ကိုနောက်နေတာပဲဖြစ်ရမယ်။

ကုရွဲ့က ပြောလိုက်သည် "မင်း စိုးရိမ်စရာမလိုပါဘူး။ငါ ထွက်မသွားခင် ဆိုင်တာဝန်ခံကို အကြောင်းကြားခဲ့မယ်။မင်း လတိုင်း စာရင်းတွေစစ်ဖို့ပဲလိုတယ်။"

သူတကယ် ဘာတစ်ခုမှကို ဂရုမစိုက်ခဲ့ဘူးဆိုရင် သူ့လက်အောက်ငယ်သားတွေ ဘယ်လိုဖြစ်နေမလဲ ဘယ်သူသိမှာလဲ။သူတို့အိတ်ကပ်ထဲကိုပဲ သူတို့ဖြည့်ကြလိမ့်မယ်။

သူမလို ဝဝကစ်ကစ်နဲ့ချစ်စရာကောင်မလေးကိုပင် သူတို့အနိုင်ကျင့်ကြလိမ့်မယ်။

ကုရွဲ့က နဉ်ရှု ဘာပြောရမလဲ မသိဖြစ်နေတာတွေ့တော့  "မင်းရဲ့လက်အောက်ငယ်သားတွေကို မင်းတကယ်စိတ်ပူနေတယ်ဆိုရင် ဖန်မိသားစုစီးပွားရေးကို စီမံဖို့ မင်း ယောကျားတစ်ယောက် ရှာနိုင်တယ်"လို့ပြောလိုက်သည်။

နဉ်ရှု : "...."

သေစမ်း ၊ ခင်ပွန်းလောင်းသုံးယောက်ထဲက နှစ်ယောက်ကထွက်သွားပြီ။နောက်ဆုံးကျန်တာ မိုကျွယ်ချန်ပဲ။တစ်‌ယောက်မှမရှိတာပိုကောင်းသည်။

နဉ်ရှုက "လောကထဲလှည့်ပတ်သွားတာထက် ငါဖန်မိသားစုမှာနေတာပဲကောင်းပါတယ်"လို့ပြောလိုက်သည်။"အခုတော့ ဖန်မိသားစုရဲ့စီးပွားရေးအကြောင်း ကျွန်မဘာမှမသိဘူး။"

"ဒါဆို ငါမသွားခင် ဖန်မိသားစုလုပ်ငန်းနဲ့ မင်းရင်းနှီးသွားတာကို ငါစောင့်နေမယ်။"လို့ ကုရွဲ့ကပြောလိုက်သည်။

Merchant's Daughter(Realm 34)Where stories live. Discover now